Advanced SystemCare 7.0 ကိုလေ့လာခြင်း

Written by S.N.O Published in 16 May 2014

ကွန်ပျူတာတစ်လုံးအတွက် လုံခြုံရေး Security ကောင်းမွန်စေရန်အတွက်ရော၊ ကွန်ပျူတာအတွင်းရှိ File, Folder များရှင်းလင်းစေရန်အတွက် နှစ်မျိုးစလုံးအသုံးပြုနိုင်မည့် Software ကောင်းတစ်ခုဖြစ်ပါတယ်။ Advanced SystemCare 7.0 ဟာ အသုံးပြုရာမှာ လွယ်ကူလျင်မြန်ပြီး အလွန်ပေါ့ပါးတဲ့ Application တစ်ခု ဖြစ်ပါတယ်။

Advanced SystemCare 7.0 တွင် Tweaking Tools များစွာ ပါဝင်ပြီး သင့်ကွန်ပျူတာကို အမြဲတစေ ပေါ့ပါးလျင်မြန်စေရန် စွမ်းဆောင်ပေးနိုင်ပါတယ်။ Advanced SystemCare 7.0 ရဲ့ နောက်ထပ် အားသာချက်တစ်ရပ်ကတော့ Uninstall Feature ဖြစ်ပါတယ်။ Software များကို ကွန်ပျူတာအတွင်းမှ သာမန် Uninstall ပြုလုပ်ခြင်းဖြင့် ၎င်း Software နှင့်သက်ဆိုင်သော File အားလုံးဟာ မပျက်သွားပါဘူး။

တစ်ချို့သော Share ပြုလုပ်ထားသော File ,Folder , Regedit File တွေဟာ ကွန်ပျူတာအတွင်းမှာ ကျန်ရှိနေတတ်ပါတယ်။ အဲဒီလို Software တစ်ခုကို အကုန်အစင် ရှင်းလင်း ချင်တယ်ဆိုရင်တော့ Advanced SystemCare 7.0 ကို အသုံးပြုပြီး ရှင်းလင်းနိုင်ပါတယ်။

သူ့ရဲ့ Uninstall လုပ်ဆောင်ချက်ဟာ Software နှင့် ပတ်သက်သော File, Folder, Registry File များအားလုံးကို ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီတော့ သင့်ကွန်ပျူတာရဲ့ Free Space ကိုလည်း ပိုမိုရရှိစေနိုင်သလို ကွန်ပျူတာကိုလည်း အမြဲတစေ ပေါ့ပါးလျင်မြန်စေပါတယ်။

Advanced SystemCare 7.0 ဟာ သင့်ကွန်ပျူတာကို Defragment ပြုလုပ်ရန်အတွက်လည်း အလွန်သင့်တော်တဲ့ Software တစ်ခု ဖြစ်ပါတယ်။ သင့်ကွန်ပျူတာကို Defragment ပြုလုပ်ရာမှာ သာမန် Windows မှ Defragment ပြုလုပ်ပုံနှင့် ဆင်တူပေမယ့် Advanced SystemCare 7.0 Software ရဲ့ စွမ်းဆောင်ရည်ဟာ ပိုမိုသာလွန်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ Defragment Time ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Defragment ပြုလုပ်ရာတွင် Fragment Files များကို သီးသန့် ဖော်ပြပေးထားတာကြောင့် သင့်ကွန်ပျူတာ Hard Drive ရဲ့ Free Space, နှင့် Hard Disk Health ကိုပါ တစ်ခါတည်း တွဲဖက်သိရှိနိုင်ပါတယ်။

 

Fig (1)

နောက်ထပ်တစ်ချက်အနေဖြင့် Advanced SystemCare 7.0 ရဲ့ Malware , Threat , Error ရှင်းလင်းတဲ့ Feature ကို လေ့လာကြည့်ပါမယ်။ Advanced SystemCare 7.0 တွင် Malware Threats များကို ရှင်းလင်းနိုင်သော Feature အပြင် အခြားပါဝင်တဲ့ လုပ်ဆောင်မှုတွေကတော့
1.Registry Errors များကိုရှင်းလင်းပေးသော Feature များ၊
2. Privacy Issues ,
3. Junk Files ,
4. Internet Problem ,
5. Shortcuts Errors
6. Registry Fragments
7. Performance Issues
8. Browser Issues
9. Disk Errors
10. Security Holes
11. Fragmented Files စသည်ဖြင့် Feature များစွာ တွဲဖက်ပါဝင်လာပါတယ်။

 

Fig (2)

Advanced SystemCare 7.0 ကို အသုံးပြုပြီး ကွန်ပျူတာအတွင်းရှိ Error များကို ရှင်းလင်းနေပုံ ဖြစ်ပါတယ်။ အဲဒီပုံမှာ သင့်ကွန်ပျူတာအတွင်း Error , Problems ပေါင်း ကိုးထောင်ကျော် ရှိနေတယ်ဆိုတာကို အပေါ်ဖက်မှာ ဖော်ပြပေးထားပါတယ်။

တကယ်လို့ အဲဒီလို Error တွေကို ရှင်းလင်းချင်တယ်ဆိုရင်တော့ Repair ကို နှိပ်ပြီး ရှင်းလင်းနိုင်ပါတယ်။ Registry Error တွေကို ရှင်းလင်းတဲ့အခါမှာတော့ တစ်ခါတစ်ရံမှာ သင့်ကွန်ပျူတာကို Restart ချခိုင်းပါလိမ့်မယ်။ တကယ်လို့ Restart ကျပြီး ပြန်တက်လာတဲ့အခါမှာတော့ သင့်ကွန်ပျူတာအတွင်းရှိ Error တွေ အကုန်လုံးကို ရှင်းလင်းပေးပြီးသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.