Advanced SystemCare Ultimate ဆော့ဖ်ဝဲ (၂)

Written by S.N.O Published in 20 Nov 2014

         Advanced SystemCare Ultimate ဟာ performance Monitor စနစ်ပါဝင်တာကြောင့် သင့်ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။

          တကယ်လို့ ကွန်ပျူတာဟာ အရမ်းလေးနေပြီဆိုရင်လည်း CPU အသုံးပြုနှုန်း RAM အသုံးပြုနှုန်းများကို ညာဖက်အပေါ်ထောင့်နားမှာ ဖော်ပြပေးထားပါတယ်။ ဒါကြောင့် သင့်ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို အချိန်တိုင်း လွယ်ကူစွာ သိရှိနိုင်ပါတယ်။

 

 

နောက်ထပ် အားသာချက်တစ်ရပ်ကတော့ Registry Fix Feature ပဲ ဖြစ်ပါတယ်။ သူကတော့ ကွန်ပျူတာအတွင်းရှိ Registry File များ ရှုပ်ပွနေပြီး ကွန်ပျူတာ လေးလံနေတာတွေကို အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ်။

           ဆော့ဖ်ဝဲများကို Uninstall ပြုလုပ်၍သော်လည်းကောင်း၊ Windows System မငြိမ်မသက်ဖြစ်၍သော်လည်းကောင်း Registry အတွင်းရှိ file များဟာ ပျံ့ကျဲနေပြီး ကွန်ပျူတာရဲ့ Performance ကို ကျဆင်းလာစေပါတယ်။ ဒီလို Error မျိုးတွေအတွက် Advanced SystemCare Ultimate ရဲ့ Registry Fix Feature ကို အသုံးပြုပြီး အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ်။

 

 

         Advanced SystemCare Ultimate ကို သင့်ကွန်ပျူတာအတွင်း ပထမဆုံးအကြိမ် စတင် Run လိုက်လျှင် သူ့ကိုဘယ်လို အသုံးပြုရမယ်ဆိုတာကို ရှင်းလင်းဖော်ပြပေးပါလိမ့်မယ်။ ဒါကြောင့် သာမန် User များပင်လျှင် Advanced SystemCare Ultimate ကို လွယ်ကူစွာ နားလည်သဘောပေါက်ပြီး အသုံးပြူနိုင်မှာ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.