Acer ကုမ္ပဏီမှ Iconia One 7 နှင့် Tab 7 ကို ထုတ်လုပ်သွားမည်

Written by S.N.O Published in 19 May 2014

          Acer ကုမ္ပဏီမှ Iconia One 7 နှင့် Tab 7 ကို ထုတ်လုပ်သွားမည် ကွန်ပျူတာပစ္စည်းများ ထုတ်လုပ်ရာတွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Acer ကုမ္ပဏီမှ Iconia One 7 နှင့် Tab 7 တို့ကို ဆက်လုပ်ထုတ်လုပ်သွားမှာဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။

Acer Iconia One 7 နှင့် Tab 7 တို့ဟာ အနည်းငယ်တူညီမှု ရှိပြီး ၎င်းတို့နှစ်မျိုးစလုံးဟာ တန်ဖိုးနည်း ဈေးကွက်အတွက် ထုတ်လုပ်ထားတာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ Acer Iconia One 7 ကို ထုတ်လုပ်ရာတွင် အရောင် ခြောက်မျိုးဖြင့် ခွဲခြားထုတ်လုပ်သွားမှာဖြစ်ပြီး အခြား Kindle Reader များနှင့် ယှဉ်ပြိုင်နိုင်ရန် ဖြစ်ပါတယ်။

ထို့အပြင် ကလေးများ နှစ်သက်စေနိုင်မည့် ဒီဇိုင်း အရောင်တို့ဖြင့်ထုတ်လုပ်ထားပြီး ဈေးကွက်အတွင်း အခြား Tablet များနှင့် E Reader များထက် ပိုမိုသာလွန်ကောင်းမွန်စေရန်လည်း စီမံထားပါတယ်။

 

 

          Iconia One 7 ဟာ Intel Atom Z2560 1.6 Hz Dual Core Processor ကို အသုံးပြုထားပြီး RAM ကတော့ 1GB ပမာဏ ရှိပါတယ်။ Onboard Storage အနေဖြင့် 8 GB နှင့် 16 GB နှစ်မျိုးရှိပြီး Micro SD Card ကိုလည်း ထပ်မံထည့်သွင်းပြီး အသုံးပြုနိုင်တာကြောင့် Storage ပမာဏဟာ အတော်လေး ကျေနပ်ဖွယ်ကောင်းပါတယ်။ ဒါပေမယ့် Android 4.2 OS ကို ထည့်သွင်းအသုံးပြုထားပြီး Upgrade ပြုလုပ်ချင်သူတွေအနေနဲ့ Android Version 4.4 သို့ မြှင့်တင် အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။

Iconia One 7 ရဲ့အားနည်းချက်ကတော့ 0.3 Megapixel Front Camera နှင့် 2 Megapixel Rear Camera တို့ကို တပ်ဆင်ထားခြင်းဖြစ်ပါတယ်။ Camera အရည်အသွေးဟာ သာမန် Tablet များမှာ အသုံးပြုနေကျ အရည်အသွေးအဆင့်သာရှိပြီး ဓါတ်ပုံကောင်းကောင်း ရိုက်ကူးလိုသူတွေအနေဖြင့် ကျေနပ်နှစ်သက်မှုရရှိစေမှာ မဟုတ်ပါဘူး။

Display Resolution ကတော့ 1200 x 800 ရှိတာကြောင့် Game ဆော့ကစားခြင်းနှင့် ဗီဒီယို ၊ ဓါတ်ပုံကြည့်ခြင်းတို့မှာ အတော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။ ဈေးနှုန်းအနေဖြင့် 129 ဒေါ်လာဝန်းကျင်ခန့်သာရှိတာကြောင့် ဈေးနှုန်းသက်သာပြီး အသုံးပြုရန်သင့်တော်တဲ့ Tablet တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

         Iconia Tab 7 ဟာလည်း Iconia One နှင့်အတော်လေးဆင်တူပြီး CPU Quard-Core 1.3 , 5 Megapixel Rear Camera , 3G Support , စသည့်ဖြင့် Hardware များကို ပိုမိုမြှင့်တင်ပေးထားခြင်းဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယူရိုပေါင် 149 အဖြစ်သတ်မှတ်ထားပြီး US ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး ။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.