CCleaner အသုံးပြုနည်း (1)

Written by S.N.O Published in 01 Jul 2014

CCleaner အသုံးပြုနည်း  (1)

      CCleaner ဆော့ဖ်ဝဲဟာ ကွန်ပျူတာအတွင်းရှိ မလိုအပ်တဲ့ Temporary File များကို ရှင်းလင်းရန်၊ ကွန်ပျူတာရဲ့ Registry ကို ရှင်းလင်းရန်၊ Software များကို စနစ်တကျ Uninstall ပြုလုပ်ရန်အတွက် အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

CCleaner ဆော့ဖ်ဝဲကို Windows XP , Windows 7 , Windows 8 စတဲ့ Operating System များမှာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရာမှာ လွယ်ကူရှင်းလင်းပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဆော့ဖ်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

Basic UI
CCleaner ရဲ့ အဓိက Feature တွေနဲ့ တည်ဆောက်ပုံစနစ်ကို အရင်ဆုံးလေ့လာကြည့်ကြရအောင်။  CCleaner ကို Main Feature လေးခုနှင့် တည်ဆောက်ထားပါတယ်။ အဲဒါတွေကတော့ Claner , Registry , Tools နှင့် Option တို့ ဖြစ်ကြပါတယ်။ Feture တစ်ခုစီအလိုက်မှာ အစွမ်းထက်ပြီး Powerful ဖြစ်တဲ့ Function တွေ ထည့်သွင်းထားတာကို တွေ့ရပါတယ်။

Powerful
CCleaner ဟာ ကွန်ပျူတာတစ်လုံးအား Maintenance ပြုလုပ်ရာမှာ အလွန်ကောင်းမွန်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ CCleaner မှာ Temp File များ၊ Registry Cleaning Feature များ၊ အသုံးမ၀င်တော့တဲ့ Cookie များကို ရှင်းလင်းနိုင်တဲ့ Feature များ၊ စသည်ဖြင့် အစွမ်းထက်တဲ့ Feature များစွာ ပါဝင်ပါတယ်။ CCleaner ကို 32 - bit OS များအပြင် 64-bit OS များအတွင်းမှာပါ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Freeware
CCleaner ဟာ Freeware အမျိုးအစားဖြစ်တာကြောင့် အလွယ်တကူ အခမဲ့ Download ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် CCleaner ကို Download ပြုလုပ်ပြီး Install ပြုလုပ်ရာမှာ Google Chrome ကို ထည့်သွင်းခိုင်းတဲ့ သတိပေးချက်ကိုတော့ တွေ့မြင်ရပါလိမ့်မယ်။ ဒါပေမယ့် Google Chrome ကို ကွန်ပျူတာအတွင်း မထည့်သွင်းထားလည်း ရပါတယ်။ CCleaner ကို အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။

Registry Cleaning
CCleaner ကို အသုံးပြုပြီး ကွန်ပျူတာအတွင်းရှိ Registry တွေကို မှားယွင်းပြီး Delete မလုပ်မိစေရန်အတွက် CCleaner မှာ Registry Backup Feature ပါဝင်ပါတယ်။ ဒါကြောင့် သင့်အနေဖြင့် CCleaner ကို အသုံးပြုရာမှာ မှားယွင်းပြီး Registry တွေကို ဖျက်မိတာမျိုးတွေကို ပူစရာမလိုပါဘူး။

CCleaner ကို download.cnet.com/CCleaner ဆိုပြီးရိုက်ထည့်ပြီး အလွယ်တကူ အင်တာနက်မှတဆင့် Download ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ File အရွယ်အစားကတော့ 4.59 MB ၀န်းကျင်ခန့်ရှိပြီး Windows XP ,Vista , 7 , 8 နှစ်သက်ရာ OS များအတွင်းမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။


အခု CCleaner ဆော့ဖ်ဝဲကို Install ပြုလုပ်ပြီး စတင် အသုံးပြုကြည့်ပါမယ်။ CCleaner ကို ဖွင့်လိုက်လျှင် ပထမဆုံးမြင်တွေ့ရမည့် သူ့ရဲ့ User Interface ကို အောက်တွင် ဖော်ပြပေးထားပါတယ်။
 

Fig (1)

ဒါကတော့ CCleaner ကို ဖွင့်လိုက်လျှင် အရင်ဆုံးမြင်တွေ့ရမည့် User Interface ဖြစ်ပါတယ်။ ဒီမှာ CCleaner ရဲ့ ထူးခြားချက်ကို ပထမဆုံး တွေ့မြင်ရပါလိမ့်မယ်။ CCleaner ဆော့ဖ်ဝဲရဲ့ အပေါ်ဖက်မှာဆိုရင် သင့်ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Component များရဲ့ Specification ကို အသေးစိတ် ဖော်ပြပေးထားပါတယ်။

CCleaner ဟာ ကွန်ပျူတာရဲ့ Windows OS , CPU Speed , RAM Speed , Graphic များကအစ အသေးစိတ် ရေးသားဖော်ပြပေးထားတာကို တွေ့မြင်ရပါလိမ့်မယ် ။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.