Apple မှ BookLamp စာပေဝန်ဆောင်မှု လုပ်ငန်းအား ဝယ်ယူ

Written by S.N.O Published in 30 Jul 2014

      Apple ကုမ္ပဏီမှ ၎င်းရဲ့ ၀န်ဆောင်မှု တစ်ရပ်ဖြစ်တဲ့ e-book ဂိမ်းများအတွက် စာအုပ်နှင့် ပတ်သက်သော ကုမ္ပဏီများကို ၀ယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် e-book စီးပွားရေးလုပ်ငန်းများကို စိတ်ဝင်စားလာကြောင်း TechCrunch သတင်းဌာနမှ ဖော်ပြ ပြောဆိုထားပါတယ်။

လက်ရှိ Apple အနေဖြင့် e-book များ ဖြန့်ဖြူး ရောင်းချလျက်ရှိသော BookLamp ကို ၀ယ်ယူထားပြီး ဖြစ်ကြောင်းလည်း ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

 

 

Apple အနေဖြင့် ယခုကဲ့သို့ အွန်လိုင်း အခြေပြု စာအုပ်ဝန်ဆောင်မှု လုပ်ငန်းများကို ၀ယ်ယူထားခြင်းမှာ Amazon ကို ယှဉ်ပြိုင်ပြီး ၎င်းရဲ့ စီးပွားရေးဈေးကို ချဲ့ထွင်ရန် ဖြစ်ကြောင်းလည်း သတင်းဌာနများမှ ဝေဖန် သုံးသပ်ထားတာကို တွေ့ရပါတယ်။

Apple မှ BookLamp ကို ၀ယ်ယူရန်အတွက် ဒေါ်လာ 10 သန်းမှ 15 သန်းခန့် ကုန်ကျဖွယ်ရှိကြောင်း Apple အနေဖြင့် ယခုကဲ့သို့ အွန်လိုင်း စာပေ၀န်ဆောင်မှု လုပ်ငန်းများ ၀ယ်ယူမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ရှင်းလင်း ပြောကြားထားခြင်း မရှိသေးကြောင်း သတင်းဌာန ၀ဘ်ဆိုက်များမှာ ရေးသား ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ BookLamp ၀ဘ်ဆိုက်ဟာ Active ဖြစ်တော့မှာ မဟုတ်ပဲ ဆိုဒ်၏ Farewell Page မှာဆိုလျှင် ဒီဝဘ်ဆိုက်ဟာ ဆက်လက် အသုံးပြုနိုင်တော့မှာ မဟုတ်ကြောင်း ရေးသား ဖော်ပြထားတဲ့ စာသားကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.