Top 10 Windows 7 Tips (2)

Written by S.N.O Published in 15 Aug 2014

အခု ကျန်ရှိနေသေးတဲ့ Windows Tips များကို ဆက်လက်လေ့လာပါမယ်။ Windows Tips 1 မှ 3 ကတော့ ယခင်သင်ခန်းစာမှာ ဖော်ပြပေးထားပါတယ်။ အခု Tips နံပါတ် 4 မှ ဆက်လက်လေ့လာပါမယ်။

4.Rename (F2)

သင့်အနေဖြင့် ကွန်ပျူတာအတွင်းရှိ File များ၊ ဓါတ်ပုံများကို F2  အသုံးပြုပြီး Rename ပြုလုပ်လို့ ရပါတယ်။ တကယ်လို့ သင့်ရဲ့ File တွေဟာ အတော်လေး များပြားနေခဲ့မယ်ဆိုရင် ၎င်း File များအားလုံးကို Ctrl+A နှိပ်ပြီး Select မှတ်လိုက်ပါ။ ပြီးနောက် F 2 ကိုနှိပ်လိုက်ပါ။ နှစ်သက်ရာ အမည်တစ်ခုကို ရိုက်ထည့်လိုက်ပါ။

 

 

ဒါဆိုရင် ၎င်း File များအားလုံး သင်ရိုက်ထည့်လိုက်သည့် အမည်အတိုင်း ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

5. Alter + F4

Alter + F 4 ကတော့ ပိတ်တာပါ။ Close လုပ်တာကို ပြောတာဖြစ်ပါတယ်။ သင့်အနေဖြင့် Windows တစ်ခုခုကို ပိတ်ချင်လို့ပဲ ဖြစ်ဖြစ်၊ ကွန်ပျူတာကို Shutdown ပြုလုပ်ချင်လို့ပဲ ဖြစ်ဖြစ် Alter + F 4 ကိုနှိပ်ကာ အသုံးပြုနိုင်ပါတယ်။

6.Ctrl+Alter+Tab

Ctrl+Alter+ Tab ကတော့ ကွန်ပျူတာမှာ ဖွင့်ထားတဲ့ Appliction Windows များကို တစ်ခုမှတစ်ခုသို့ အလွယ်တကူ ပြောင်းလဲလိုတဲ့အခါမှာ အသုံးပြုပါတယ်။ ပုံမှန်အားဖြင့် Alt + Tab နဲ့ ပြောင်းလဲအသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် သင်ဟာ Ctrl+ Alter + Tab ကို မသုံးဘူးသေးဘူးဆိုရင်တော့ ယခုပဲ စမ်းသပ်နှိပ်ကြည့်လိုက်ပါ။

 

 

အခု ကွန်ပျူတာမှာ ဖွင့်ထားတဲ့ Application များစွာကို တွေ့နေရပါပြီ။ ၎င်း Application တစ်ခုစီအလိုက် Mouse နဲ့နှိပ်ပြီး အသုံးပြုနိုင်သလို Left , Right Arrow များကို အသုံးပြုပြီးတော့လည်း ပြောင်းလဲ ရွေးချယ်ပေးနိုင်ပါတယ်။

7. Ctrl+Mouse scroll wheel

Ctrl+Mouse scroll wheel ကတော့ Desktop ပေါ်မှာ ရှိတဲ့ Icon တွေရဲ့ အရွယ်အစားကို ပြောင်းလဲတာ ဖြစ်ပါတယ်။ တကယ်လို့ သင့် Desktop ပေါ်မှာရှိတဲ့ Icon တွေရဲ့ အရွယ်အစားဟာ သေးငယ်နေမယ်ဆိုရင် Ctrl+Mouse scroll wheel ကို လှည့်ကြည့်လိုက်ပါ။ သင့်စိတ်ကြိုက် Icon အရွယ်အစားများကို Scroll Wheel ကို အသုံးပြုကာ ချိန်ပေးနိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.