Control Panel View ကို ပြောင်းလဲခြင်း

Written by S.N.O Published in 25 Aug 2014

Control Panel ဆိုတာဟာ Windows Operating System အတွက် အဓိက အထောက်အကူပြုစေမည့် Tools များ ထည့်သွင်းထားရာ နေရာတစ်ခု ဖြစ်ပါတယ်။

၎င်း Control Panel မှာ သင့်စိတ်ကြိုက် Data , Time , Mouse , User Information , Software Program , Network စတဲ့ Setting များစွာကို ပြင်ဆင်အသုံးပြုနိုင်စေရန် ထည့်သွင်းပေးထားပါတယ်။

ဒီတော့ Tool များထားရှိရာ နေရာတစ်ခုလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အဲဒီ Control Panel ရဲ့ မြင်ကွင်းပုံစံကို သင့်စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အောက်မှာမြင်တွေ့ရသည့် ပုံအတိုင်း Category View အနေဖြင့်သာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

 

Category View ကတော့ Tools များအားလုံးကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး ဖော်ပြထားပေးခြင်း ဖြစ်ပါတယ်။ Control View ကို ပြင်ဆင်ရန်အတွက် ညာဖက်အပေါ်နားရှိ View by: Category ဆိုသည့်နေရာနားရှိ Down Arrow လေးကို နှိပ်လိုက်ပါ။ အဲဒီမှာ Icon များကို Category , Large , Small , အစရှိသဖြင့် သင့်စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

တကယ်လို့ Small Icons ကို ရွေးချယ်ပေးလိုက်မယ်ဆိုရင်တော့ Control Panel အတွင်းရှိ Tools များ၊ Setting များအားလုံးကို Icon အသေးအနေဖြင့် ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.