RUN ကို အသုံးပြုပြီး Webpage များသို့ တိုက်ရိုက်ဝင်ရောက်ခြင်း

Written by S.N.O Published in 01 Oct 2014

         ဒီသင်ခန်းစာလေးကတော့ webpage များသို့ ဝင်ရောက်ရန်အတွက် ပုံမှန် Browser ကို အသုံးမပြုပဲ RUN မှ အသုံးပြုပုံ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် Browser နှင့် Webpage ကိုတွဲလျက် တစ်ခါတည်း Process ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အင်တာနက်အသုံးပြုရန်အတွက် ကွန်ပျူတာအတွင်း Browser ကို အလွယ်တကူ ရှာဖွေလို့ မရတာမျိုးတွေ ရှိတတ်ပါတယ်။

        ထို့ပြင် Firefox, Chrome များ မထည့်သွင်းထားပါက IE ကိုသာ အသုံးပြုပြီး အင်တာနက်ကို အသုံးပြုရပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ Internet Explorer ကို သုံးနေကျမဟုတ်တဲ့အတွက်ကြောင့် မည်သည့်နေရာမှာ ထားရှိသလဲဆိုတာကို အလွယ်တကူမသိရှိနိုင်ပါဘူး။

ဒီလို အခက်အခဲများ ပေါ်ပေါက်လာပါက RUN မှ တိုက်ရိုက်ခေါ်ယူကာ အင်တာနက် Explorer ကို ဖွင့်နိုင်ပါတယ်။

အရင်ဦးဆုံး Start > RUN ကို ခေါ်လိုက်ပါ။ Windows + R ကို တွဲနှိပ်ပြီးတော့လည်း Run ကို အသုံးပြုနိုင်ပါတယ်။

 

 

ပြီးနောက် Website လိပ်စာတစ်ခုခုကို အောက်ပါအတိုင်း ထည့်သွင်းလိုက်ပါ။ ဥပမာ http://www.google.com ဆိုပါစို့။

 

 

ပြီးနောက် Enter ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကွန်ပျူတာအတွင်း ထည့်သွင်းထားတဲ့ Browser တစ်ခုခုနှင့် google.com ပွင့်လာတာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ Firefox ရှိရင် Firefox နဲ့ ဖွင့်ပြပေးမှာဖြစ်ပြီး Firefox မရှိရင်တော့ internet explorer နဲ့ google.com ကို ပြသပေးမှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.