Overview of Excel Data Type

Written by S.N.O Published in 12 Nov 2014

         Microsoft Excel ကို ဆက်လက်လေ့လာရာမှာ သူနဲ့ သက်ဆိုင်တဲ့ နောက်ထပ် အခေါ်အဝေါ်များကို ထပ်မံလေ့လာရပါမယ်။ ဒါမှသာ စာရင်း ၊ ဇယားများ ၊ တွက်ချက်မှုစနစ်ဆိုင်ရာ အခေါ်အဝေါ်များကို နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။  

          Software တစ်ခုကို အသုံးပြုရာမှာ သာမန်သုံးတတ်ရုံမျှမကပဲ ၎င်းနှင့်သက်ဆိုင်ရာ နယ်ပယ် Fields ကိုပါ တွဲဖက်လေ့လာရပါမယ်။ ဥပမာ ဒီဇိုင်းအလုပ်ဆိုပါစို့၊ ဒါဆိုရင် သူနဲ့သက်ဆိုင်တဲ့ Photoshop Program ကိုလေ့လာရုံသာမကပဲ ဒီဇိုင်း Ideas များ၊ Technique များ ၊ အလင်းအမှောင်သဘောတရားများ ၊ ဓါတ်ပုံသဘောတရားများကိုပါ ပေါင်းစပ်လေ့လာရမှာ ဖြစ်ပါတယ်။

         ဒါမှသာ ထူးချွန်ထက်မြက်တဲ့ ဒီဇိုင်နာကောင်းတစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ Excel ကို လေ့လာရာမှာလဲ သူနဲ့ သက်ဆိုင်တဲ့ စာရင်းပိုင်းဆိုင်ရာ အခေါ်အဝေါ်များကိုပါ တွဲဖက်လေ့လာရပါမယ်။ လုပ်ငန်းခွင်အတွင်း စာရင်းဇယားများကို ပြုလုပ်ရေးသားရာမှာ တိကျသေချာပြီး Technical Terms များကိုပါ သိရှိနားလည်နေမှာ ဖြစ်ပါတယ်။

(1) Formula

Formula ဆိုတာကတော့ Microsoft Excel  မှာပါဝင်တဲ့ Powerful ဖြစ်တဲ့ တွက်ချက်မှုစနစ်တစ်ခု ဖြစ်ပါတယ်။

         Formula တိုင်းရဲ့ အစဟာ = Sign နဲ့ စတင်ရပါမယ်။ ပြီးနောက် Logical (သို့မဟုတ်) mathematical တွက်ချက်မှုဆိုင်ရာ သင်္ကေတများ  ကို ၎င်း = နောက်မှာ ဆက်လက်ရေးသားရပါမယ်။

 

(2) Data Entry Cell

Data Entry ဆိုတာကတော့ Cell အကွက်တစ်ကွက်အတွင်း သက်ဆိုင်ရာ Data များကို ထည့်သွင်းရေးသားခြင်းကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

           Cell အကွက်တစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ စာသားများ ကိန်းဂဏန်းများ ထည့်သွင်းခြင်းကို Data Entry လို့ခေါ်ဆိုပါတယ်။ ဒီတော့ Excel ကို အသုံးပြုပြီဆိုတာနဲ့ အကွက် Cell များအတွင်း စာရိုက်တယ်လို့ မပြောပဲ Data Entry ပြုလုပ်တယ်လို့ ပြောင်းလဲခေါ်ဝေါ်နိုင်ပါတယ်။

(3) Workbook

Workbook ဆိုတာကတော့ Excel မှာအသုံးပြုထားတဲ့ Worksheets များကို ပေါင်းစပ်ဖွဲ့စည်းထားခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

           ဥပမာ Worksheets ၁ ရွက် ၂ ရွက် စသည်တို့ကိုပေါင်းစပ်ပြီး Workbook လို့ဆိုရမှာ ဖြစ်ပါတယ်။ Workbook တစ်ခုကို စတင်တည်ဆောက်လိုက်ပြီဆိုရင် Worksheets သုံးခု ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း သင်အလိုရှိသလောက် Worksheets အရေအတွက်ကို ထပ်မံတိုးမြှင့်နိုင်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.