ကွန်ပျူတာတွက်ချက်မှုစနစ်များကို လေ့လာခြင်း

Written by S.N.O Published in 28 Aug 2014

      ကွန်ပျူတာ အမျိုးအစားများကွဲပြားပေမယ့် အခြေခံကျတဲ့ Logical Structure များကတော့ အားလုံးအတူတူပင် ဖြစ်ပါတယ်။ အခုဖော်ပြပေးမည့် အချက်ငါးချက်ကတော့ Basic Operating အတွက် လိုအပ်တဲ့ မသိမဖြစ်အချက်များ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်များ အသုံးပြုထားသော ပစ္စည်းများကို လေ့လာရာမှာ အဓိကကျတဲ့ အချက်ငါးချက်ကတော့

1.Take Input

သူ့ရဲ့အဓိပ္ပါယ်ကတော့ ကွန်ပျူတာတစ်လုံးလုပ်ဆောင်ချက်များအတွက် Input Data များကို ထည့်သွင်းခြင်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကွန်ပျူတာစကရင်တစ်ခုပေါ်မှာ စာလုံးတစ်လုံးပေါ်လာအောင် Keyboard မှ ရိုက်ထည့်ပေးခြင်းမျိုး ဖြစ်ပါတယ်။

2.Store Data

Store Data ကတော့ ကွန်ပျူတာတစ်လုံးအတွက် မရှိမဖြစ် အရာတစ်ခု ဖြစ်ပါတယ်။ မည်သည့် ကွန်ပျူတာအမျိုးအစား (သို့မဟုတ်) အီလက်ထရောနစ်ပစ္စည်းများမဆို သူ့ထဲမှာ Data များ သိမ်းဆည်းရန်အတွက် Store Data ဆိုတာ ပါဝင်ရပါတယ်။ ကွန်ပျူတာအတွက်ဆိုရင်တော့ အချက်အလက်များ သိမ်းဆည်းရာ Hard Drive တစ်လုံးတော့ နည်းဆုံးပါဝင်ရမှာ ဖြစ်ပါတယ်။

3.Processing Data

သူကတော့ တွက်ချက်မှုအပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့လုပ်ဆောင်ချက်များကို Logical Operating လို့ ခေါ်ဆိုသတ်မှတ်နိုင်ပါတယ်။ Data များ ထုတ်နှုတ်ပြသပေးနိုင်ရန်အတွက် အဓိက တွက်ချက်လုပ်ဆောင်ပေးသော စနစ်တစ်ရပ် ဖြစ်ပါတယ်။

4.Output Information

ဒါကတော့ အသုံးပြုသူတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် ထည့်သွင်းလိုက်သော Input များရဲ့ Result ကို ထုတ်နှုတ်ပြသပေးတာ ဖြစ်ပါတယ်။ ဥပမာ အသုံးပြုသူတစ်ဦးဟာ 1+1 ဆိုပြီး တွက်ချက်မှုတစ်ခုကို ပြုလုပ်လိုက်မယ်ဆိုရင် ကွန်ပျူတာဟာ 2 ဆိုပြီး Output Result ကို ပြန်လည်ထုတ်ပြပေးပါတယ်။

5.Control the workflow

အပေါ်မှာပါဝင်တဲ့ Operation များအားလုံးကို အဆင်ပြေပြေလုပ်ဆောင်နိုင်စေသည့် Sequence ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ လုပ်ဆောင်ချက်များကို တိကျအဆင်ပြေစေရန် ဆောင်ရွက်ပေးတဲ့ စနစ်တစ်ရပ် ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.