ကွန်ပျူတာရှိ Ports များကို လေ့လာခြင်း

Written by S.N.O Published in 15 Aug 2014

    ကွန်ပျူတာမှာရှိတဲ့ Port ဆိုတာဟာ တကယ်တော့ IP Address တွေအတွက် Access ပြုလုပ်ရာ လမ်းကြောင်းများကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် Port တွေကို Access Point လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီလို Ports တွေရှိခြင်းအားဖြင့် ကွန်ပျူတာများ တစ်လုံးနှင့်တစ်လုံး ချိတ်ဆက်နိုင်ခြင်း၊ ကွန်ယက်များအတွင်း ၀င်ရောက်နိုင်ခြင်း စတာတွေကို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ 

Ports ကို Analogy အနေဖြင့် ပြောမယ်ဆိုရင်တော့ Port တစ်ခုစီမှာ Unit Number များပါဝင်ပြီး ၎င်းတို့ဟာ IP Address တစ်ခုအနေဖြင့် ဖြစ်ပေါ်လာပါတယ်။ ဒီတော့ သတိထားရမည့် အချက်တစ်ချက်ကတော့ Port တစ်ခုစီမှာ သူနဲ့သက်ဆိုင်တဲ့ နံပါတ်တွေနဲ့ တည်ဆောက်ထားပါတယ်။

Port တွေကို လေ့လာရာမှာ အဓိက အပိုင်းနှစ်ပိုင်းခွဲခြားပြီးတော့ လေ့လာနိုင်ပါတယ်။ အဲဒါတွေကတော့ TCP နဲ့ UDP တို့ ဖြစ်ပါတယ်။

TCP ဆိုတာကတော့ အတိုကောက်စကားလုံးဖြစ်ပြီး သူ့ရဲ့ အဓိပ္ပါယ်ကတော့ Transmission Control Protocol ဖြစ်ပါတယ်။ ဒီလို TCP တွေ ရှိတဲ့အတွက်ကြောင့် ကွန်ပျူတာများ တစ်လုံးနှင့်တစ်လုံး သတင်းအချက်အလက်များ မျှဝေအသုံးပြုနိုင်ခြင်း၊ File များ Share ပြုလုပ်အသုံးပြုနိုင်ခြင်း စတာတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကွန်ပျူတာများ တစ်လုံးနှင့်တစ်လုံး ချိတ်ဆက် ဆက်သွယ်ရာမှာ TCP ဟာ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပြီး ချိတ်ဆက်ပေးပေမယ့် ဒီလို Data များပြောင်းလဲမှု ပြုလုပ်ပြီးတာနဲ့ Link များကို Disconnected ပြုလုပ်ပြီး ချိတ်ဆက်မှုကို ချက်ခြင်း ရပ်နားလိုက်ပါတယ်။ ဒီတော့ အမြဲတမ်း TCP ဟာ ချိတ်ဆက်ပြီး အလုပ်လုပ်နေတာ မဟုတ်ပါဘူး။

 

 

UDP ကတော့ User Datagram Protocol ဖြစ်ပါတယ်။ UDP စနစ်ကတော့ TCP နဲ့ ကွာခြားပါတယ်။ သူဟာလည်း Data များကို လွှဲပြောင်းပြုလုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့သဘောကတော့ Data များကို မျှဝေချိတ်ဆက်ပေးရာမှာ ပေးပို့တဲ့ ကွန်ပျူတာ Sending Computer ဟာ Data တွေကို Wrap အနေဖြင့် Package ပြုလုပ်ပြီး Network ပေါ်ကို တင်ပေးတာဖြစ်ပါတယ်။

အဲဒါကို လက်ခံတဲ့ကွန်ပျူတာမှ ၎င်း Network မှ ပြန်လည်ရယူတာ ဖြစ်ပါတယ်။ ဒါပေမယ့် Port တွေ ကွဲပြားပေမယ့် Port တိုင်းဟာ နံပါတ်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ။် အဲဒီ နံပါတ်တွေကတော့ 0 ကနေစတင်ပြီး 65535 အထိ ရှိပါတယ်။ ဒီလို Port တွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ သင့်ကွန်ပျူရဲ့ Command Prompt မှတဆင့် netstate ဆိုပြီး ရိုက်ထည့်ပြီး ကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် သင့်ကွန်ပျူတာဟာ အင်တာနက် ချိတ်ဆက်ထားဖို့တော့ လိုပါလိမ့်မယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.