ကွန်ပျူတာအတွင်း Drive များကို Hide လုပ်ထားခြင်း

Written by S.N.O Published in 15 Aug 2014

        ဒီသင်ခန်းစာလေးကတော့ ကွန်ပျူတာအတွင်းမှာရှိတဲ့ C: , D: , E : , F : အစရှိတဲ့ Drive များကို Hide လုပ်ထားတဲ့ သင်ခန်းစာလေး ဖြစ်ပါတယ်။ ဒီလို Hide လုပ်ထားမယ်ဆိုရင် နည်းလမ်းမသိရင် ပြန်လည်ခေါ်ယူဖို့ခက်ပါတယ်။ ပြီးတော့ CMD ကနေ Hide လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် Security တော်တော်လေး ကောင်းမွန်ပါတယ်။

သာမန် Right Click ကနေပြီးတော့ Hide လုပ်ထားတာနဲ့ မတူပါဘူး ။ ပိုပြီးရှုပ်ထွေးသလို ပိုပြီးတော့လည်း အဆင့်အတန်းမြင့်ပါတယ်။

        အခု သင့်ကွန်ပျူတာအတွင်းရှိ Drive များကို Hide လုပ်ရန်အတွက် Windows + R ကို နှိပ်ပြီး Run ကို ခေါ်ပါ။ ပြီးနောက် cmd ကို နှိပ်ပြီး Ok ကို နှိပ်ပါ။

 

 

ဒါဆိုရင် Command Promt တက်လာပါပြီ။ ကွန်ပျူတာအတွင်းရှိ Diskpart များကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Diskpart လို့ ရိုက်ထည့်လိုက်ပါ။

 

 

ဒါဆိုရင် Diskpart ထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီနောက် Drive Letter များအားလုံးကို မြင်တွေ့ချင်တာ ဖြစ်တဲ့အတွက်ကြောင့် list Volume လို့ ရိုက်ထည့်လိုက်ပါ။

 

 

        ဒါဆိုရင် ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Drive Letter တွေ အားလုံး ကျလာပါလိမ့်မယ်။ လက်ရှိ ကွန်ပျူတာမှာ C , D , E , F , G ဆိုပြီး Drive များ တပ်ဆင်ထားပါတယ်။ အခု Drive G ကို ဖျောက်ချင်တာ ဖြစ်တဲ့အတွက်ကြောင့် Select Vloume G လို့ ရိုက်ထည့်လိုက်ပါ။

 

 

        Volume 5 ဟာ Selected volume ဖြစ်ကြောင်း ပြောနေခြင်း ဖြစ်ပါတယ်။ သင်ရွေးချယ်လိုက်တဲ့ Drive မှန်ကန်မှုရှိလား မရှိဘူးလားဆိုတာကို ပြောတာ ဖြစ်ပါတယ်။ အခု Drive G မပျောက်သေးပါဘူး။ Drive G ပျောက်ရန် အတွက် Remove Letter G လို့ ရိုက်ထည့်လိုက်ပါ။

 

 

        အခုဆိုရင်တော့ ကွန်ပျူတာရဲ့ Drive မှာ G: ဆိုတာကို တွေ့ရတော့မှာ မဟုတ်ပါဘူး ။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.