ကွန်ပျူတာအတွင်း Hard Drive အသစ်တစ်လုံးကို ထပ်မံတပ်ဆင်ခြင်း (1)

Written by S.N.O Published in 10 Dec 2014

ယခုဖော်ပြမည့် သင်ခန်းစာကတော့ ကွန်ပျူတာတစ်လုံးအတွင်း နောက်ထပ် Hard Drive အသစ်တစ်လုံးကို ဘယ်လို ထည့်သွင်းတပ်ဆင်ရမယ်ဆိုတာကို ရှင်းလင်းသင်ကြားပေးမည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါတယ်။

ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် Hard Drive ဟာ လိုအပ်တဲ့ File များ Folder များ ၊ Document များအားလုံးကို သိုလှောင်သိမ်းဆည်းရာ နေရာတစ်ခု ဖြစ်ပါတယ်။

ကွန်ပျူတာ အသုံးပြုမှုသက်တမ်း ကြာမြင့်လာတာနှင့် အမျှ ကွန်ပျူတာအတွင်း Hard Drive အတွင်း Data များ ပြည့်လာပါတယ်။ ဒါဆိုရင်တော့ သင်ဟာ နောက်ထပ် Hard Drive အသစ်တစ်လုံးကို ထပ်မံတပ်ဆင်ရမှာ ဖြစ်ပါတယ်။

ဒီလို ကွန်ပျူတာတစ်လုံးအတွင်း Storage Drive လို့ခေါ်တဲ့ Hard Drive ကို ထပ်မံတိုးချဲ့ရာမှာ နည်းလမ်းနှစ်မျိုး ရှိပါတယ်။ ဒါအဲကတော့ External Hard Drive နှင့် Internal Hard Drive ဖြစ်ပါတယ်။

External Hard Drive ဟာ 500 GB , 1 TB , 2 TB အစရှိသဖြင့် သိုလှောင်သိမ်းဆည်းနိုင်မှု ပမာဏအလိုက် ဈေးနှုန်းများ ကွာခြားပါတယ်။ သူတို့ဟာ အလွယ်တကူ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်သွားနိုင်ပါတယ်။

 

 

သူတို့မှာ အသုံးပြုထားတဲ့ Data Connector ကတော့ USB ကို အခြေခံထားပါတယ်။ USB 2.0 , USB 3.0 အစရှိသဖြင့် ကွာခြားမှုရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ data Transfer Rate လို့ခေါ်တဲ့ Data ကူးယူနိုင်မှုနှုန်းကတော့ Internal Hard Drive များလောက် မြန်ဆန်မှုမရှိပါဘူး။ 

ထို့ပြင် Internal Hard Drive များထက်လည်း ဈေးနှုန်းပိုမို မြင့်မားပါတယ်။ အထူးသဖြင့် Portable အနေဖြင့် အသုံးပြုရန် အတွက် ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.