ကွန်ပျူတာအတွင်း Hard Drive အသစ်တစ်လုံးကို ထပ်မံတပ်ဆင်ခြင်း (2)

Written by S.N.O Published in 11 Dec 2014

         Internal Hard Drive များကတော့ External Hard Drive များထက် ဈေးနှုန်းလည်း သက်သာပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်သော ပမာဏ အလိုက် ဈေးနှုန်းကွာခြားမှုတော့ ရှိပါတယ်။ ယခင်ကတော့ hard Drive Connector များဟာ IDE , Sata ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။ ယခုနောက်ပိုင်းမှာတော့ Sata hard Drive များကိုသာ အသုံးပြုလာကြပြီး IDE hard drive ဟာ ဈေးကွက်အတွင်း ပျောက်သလောက် နီးပါးဖြစ်နေပါပြီ။

ကွန်ပျူတာ အတွင်း တပ်ဆင်ရတဲ့ hard Drive များရဲ့ အရွယ်အစားဟာ 3.5 လက်မ အရွယ်ရှိပါတယ်။ Hard Drive များရဲ့ တည်နေရာကတော့ ကွန်ပျူတာ အရှေ့ဖက်အခြမ်း အောက်ဆုံးမှာ ရှိပါတယ်။

         ဒါပေမယ့် Casing ရဲ့ ပုံစံဒီဇိုင်းအရ အနည်းငယ် ကွာခြားမှုတော့ ရှိနိုင်ပါတယ်။ Hard Drive ထားတဲ့နေရာဟာ ကွန်ပျူတာအောက်ခြေ Bottom နဲ့ မျဉ်းပြိုင် ကျနေရပါမယ်။ ဒါမှသာ Hard Drive ဟာ ညီညာသော မျက်နှာပြင်အတိုင်း တည်ရှိနေမှာ ဖြစ်ပါတယ်။


  


 
    ကွန်ပျူတာ ပုံအခွံကို ဖွင့်လိုက်ပါ။ ပြီးနောက် Hard Drive ကိုသူ့ရဲ့ Location အတိုင်း စနစ်တကျ ထည့်သွင်းပါ။ ပြီးနောက် ဘေးဖက်ရှိ Screw များကို ဘယ်ညာ အညီလှည့်ပြီး ကြပ်ပေးရမှာ ဖြစ်ပါတယ်။ Hard Drive ရဲ့ အောက်ခြေကိုကြည့်လိုက်မယ်ဆိုရင် ၀က်အူလှည့်အပေါက်များ ပါဝင်ပါတယ်။ 

Screw Hole တွေကတော့ hard drive နှင့် Fan ကို တွဲဖက်ပြီး အသုံးပြုရန် ဖြစ်ပါတယ်။ တကယ်လို့ သင့် Hard Drive ကို ပိုမို စွမ်းဆောင်ရည် မြင့်မားချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ Hard Drive Fan ကိုဝယ်ယူကာ တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို Fan တွေကို တပ်ဆင်ဖို့အတွက် ဒီ Screw Hole အပေါက်များကို အသုံးပြုရပါတယ်။


 


 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.