ကွန်ပျူတာအမည်ကို ပြောင်းလဲခြင်း

Written by S.N.O Published in 06 Sep 2014

      လက်ရှိ Windows မှာ အသုံးပြုထားတဲ့ ကွန်ပျူတာရဲ့ အမည်ကို သင်နှစ်သက်ရာ အမည်တစ်ခုခု အနေဖြင့် ပြောင်းလဲပေးနိုင်ပါတယ်။ ကွန်ပျူတာအမည်ကို ပြောင်းလဲခြင်းအားဖြင့် Network ပေါ်မှာပါ သင့်ကွန်ပျူတာရဲ့အမည်ကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

     ပုံမှန်အားဖြင့်ဆိုလျှင် Windows မှ Installing ပြုလုပ်နေစဉ်အတွင်း ကွန်ပျူတာအမည်ကို မေးပါတယ်။ တကယ်လို့ အဲဒီ့အချိန်မှာ ကွန်ပျူတာအမည်ကို မထည့်ပေးလိုက်ဘူးဆိုရင် Windows မှ Default အမည်တစ်ခုခု သတ်မှတ်ပြီး ထည့်သွင်းပေးလိုက်ပါတယ်။

     အဲဒီ Default အမည်ကို မကြိုက်ဘူးဆိုရင် သင်နှစ်သက်ရာ အခြားအမည် တစ်ခုခု ပြောင်းလဲသတ်မှတ်ပေးလို့ ရပါတယ်။ အရင်ဦးဆုံး My Computer ပေါ်မှာ Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးနောက် Advanced System Setting ကို နှိပ်လိုက်ပါ။

 

 

     ဒါဆိုရင် System Propterties ကျလာတာကို တွေ့ရပါလိမ့်မယ်။ အပေါ်ဖက်မှာ မြင်တွေ့နေရတဲ့ Computer Description ဘေးက အကွက်ကလေးမှာ သင်ထည့်သွင်းချင်သော ကွန်ပျူတာအမည်ကို ထည့်သွင်းနိုင်ပါတယ်။
Network ID ကတော့ သင့်ကွန်ပျူတာအား ကွန်ယက်အတွင်းမှာ မြင်တွေ့ရမည့် ID ကို ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုများ ပြုလုပ်ဆောင်ရွက်ပြီးနောက် ကွန်ပျူတာကို Restart ချပေးရန် လိုအပ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.