ကွန်ပျူတာ အမျိုးအစားများ (၁)

Written by S.N.O Published in 31 Jul 2014

    ယနေ့ခေတ် အသုံးပြုလျှက်ရှိတဲ့ ကွန်ပျူတာဟာ မြင်တွေ့နေကျ Desktop , Laptop ပုံစံများအနေဖြင့်သာ ထုတ်လုပ်ထားတာမဟုတ်ပဲ အခြား Main Frame , Supercomputer စသည်ဖြင့် စွမ်းဆောင်ရည် မြင့်မားသည့် ကွန်ပျူတာများကိုလည်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကွန်ပျူတာလို့ပြောလိုက်တာနဲ့ Desktop PC, Laptop အနေဖြင့် user များ၏ မျက်လုံးထဲမှာ ပုံဖော်နေပြီး အခြားသော ကွန်ပျူတာများရဲ့ တည်ဆောက်ပုံအသုံးပြုပုံများကိုတော့ လူသိနည်းလှပါတယ်။ အခု ဒီဆောင်းပါးလေးဟာ ကွန်ပျူတာအမျိုးအစားများနှင့် အသုံးပြုပုံများကို အသေးစိတ်ရှင်းလင်းထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။

    ကွန်ပျူတာအမျိုးအစားများကို ခွဲခြားသတ်မှတ်ရာမှာ အဓိကအားဖြင့် အမျိုးအစား ငါးမျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။

   အဲဒါတွေကတော့

1. PC (Personal Computer )

2. WorkStation

3. Mini Computer

4. Main Frame

5. Supercomputer တို့ဖြစ်ကြပါတယ်။

 

1. Personal Computer

 

Personal Computer ဆိုတာကတော့ လူတစ်ဦးတည်း အသုံးပြုလို့ရတဲ့ ကွန်ပျူတာအမျိုးအစားကို ပြောတာပါ။ လက်ရှိ နိုင်ငံမှာ အသုံးအများဆုံးဖြစ်တဲ့ Desktop PC များကို Personal Computer လို့ခေါ်ဆိုပါတယ်။

    Personal Computer များ အတွင်းမှာတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ Microprocessor ကို ထည့်သွင်းထားပြီး တွက်ချက်မှုစနစ်များစွာကို စက္ကန့်ပိုင်းအတွင်း လျှင်မြန်စွာ လုပ်ဆောင်နိုင်စေရန် စီမံထားပါတယ်။ တနည်းအားဖြင့် Personal Computer ဆိုတာဟာ Microprocessor နည်းပညာရပ်ကို အခြေခံတည်ဆောက်ထားတဲ့ ကွန်ပျူတာများကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလို Personal Computer များကို စီးပွားရေးဆိုင်ရာ အသုံးပြုရန် ၊ ဂိမ်းကစားရန် ၊ အင်တာနက်အသုံးပြုရန် ၊ အခြား ဆော့ဖ်ဝဲများ အသုံးပြုရန် စသည်ဖြင့် လုပ်ငန်းဆောင်တာများစွာမှာ အသုံးပြုနိုင်ရန် ရည်ရွည်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Personal ကွန်ပျူတာများဟာ တစ်ဦးတစ်ယောက်တည်းအတွက် အသုံးပြုရန် ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် User အများအပြား မျှဝေအသုံးပြုနိုင်ရန် Network ကွန်ယက်စနစ်များကို ထည့်သွင်းပေးထားပါတယ်။

ထို့ပြင် ယနေ့ခေတ်မှာ Personal Computer အရွယ်အစားခန့်သာရှိသော နောက်ဆုံးပေါ်နည်းပညာမြင့် Workstations ကွန်ပျူတာအမျိုးအစားများကိုလည်း ထုတ်လုပ်ထားပါတယ်။ ဒီ Workstaion များဟာ Data အများအပြားသိမ်းဆည်းရန်နှင့် ကွန်ယက်ချိတ်ဆက်ရာမှာ ဆာဗာကွန်ပျူတာအနေဖြင့် အသုံးပြုရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၎င်းတို့အနက် Sun Microsystems နှင့် Hewlett-Packard (HP) , DELL တို့ဟာ လူသိများပြီး ထင်ရှားပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.