ကွန်ပျူတာ အမျိုးအစားများ (၂)

Written by S.N.O Published in 31 Jul 2014

    အခုဆက်လက်ပြီး ကွန်ပျူတာအမျိုးအစားများကို ဆက်လက် လေ့လာကြည့်ပါမယ်။ ပထမသင်ခန်းစာမှာ Personal Computer များ အကြောင်းကို ရှင်းလင်းပြောကြားပြီးသွားပြီဆိုတော့ ဒုတိယပိုင်းမှာ WorkStation ကွန်ပျူတာများ အပိုင်းမှ ဆက်ပြီး လေ့လာကြည့်ပါမယ်။

 

2. WorkStation

 

    Workstation ဆိုတာဟာလည်း ကွန်ပျူတာတစ်မျိုး ဖြစ်ပါတယ်။ ၎င်းဟာ အင်ဂျင်နီယာပိုင်းဆိုင်ရာ Application များ အသုံးပြုရန် အထူးသဖြင့် (CAD/CAM) ကဲ့သို့သော Application များကို ထည့်သွင်းအသုံးပြုနိုင်ရန် စီမံပြုလုပ်ထားတာ ဖြစ်ပါတယ်။

ထို့ပြင် Workstation များကို Desktop Publishing , Software Development လုပ်ငန်းများမှာလည်း အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ စွမ်းဆောင်ရည်မြင့် နောက်ဆုံးပေါ် Application များ အသုံးပြုရန်အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

WorkStaion များဟာ သာမန် PC များထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တာကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ Business Type အနေဖြင့် အသုံးပြုမှုများပါတယ်။ Workstaion များဟာ ပုံမှန် ကွန်ပျူတာများထက် အနည်းငယ် အရွယ်အစားကြီးမားပြီး ၎င်းတို့အတွင်း Resolution အလွန်မြင့်မားသော Graphic စနစ်များ ၊ မြန်နှုန်းမြင့် RAM များ ၊ Network Tools များစွာကို ထည့်သွင်းပေးထားပါတယ်။

ယခုနောက်ပိုင်းထွက်ပေါ် လာတဲ့ Workstation များမှာဆိုလျှင် သိုလှောင်သိမ်းဆည်းနိုင်သော ပမာဏ အလွန်မြင့်မားသော Hard Disk များကို ထည့်သွင်းတည်ဆောက်ထားပြီး Server Compuer အနေဖြင့် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးထားပါတယ်။

WorkStaion များမှာ ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ Operating System ကတော့ UNIX , Windows NT , Linux စတာတွေ ဖြစ်ကြပါတယ်။ Workstation များဟာ Single User Compuer အမျိုးအစားများသာ ဖြစ်တဲ့အတွက်ကြောင့် ၎င်းတို့ကို Local Area Network အနေဖြင့် ချိတ်ဆက်ပြီး လူအများမှ စုပေါင်းမျှဝေကာ အသုံးပြုလေ့ရှိပါတယ်။

 

3. Mini Computer

 

    Mini Computer များကိုတော့ လူသုံးနည်းပါတယ်။ သူ့ရဲ့အရွယ်အစားဟာ သာမန် အသုံးပြုနေကျ PC အရွယ်အစားထက်သေးငယ်ပြီး Midsize အနေအထားမှာ ရှိပါတယ်။ အချို့သော Minicomputer များကတော့ Multi-Processing System အနေဖြင့် တည်ဆောက်ထားတာကြောင့် User အများအပြားမှ အသုံးပြုနိုင်ပါတယ်။

 

4. Mainframe

 

    Mainframe များကတော့ အရွယ်အစားအလွန်ကြီးမားတဲ့ ကွန်ပျူတာကြီးများ ဖြစ်ကြပါတယ်။ ဈေးနှုန်းအရလည်း အလွန်မြင့်မားသော ကွန်ပျူတာအမျိုးအစားများ ဖြစ်ကြပါတယ်။ Mainframe များဟာ လူပေါင်း ရာနဲ့ချီပြီး အသုံးပြုနိုင်တဲ့ Computer အမျိုးအစားဖြစ်ပြီး အချို့သော Mainframe များဆိုလျှင် User ပေါင်း ထောင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ ထို့ပြင် Mainframe များရဲ့အားသာချက်ကတော့ Program အများအပြားကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။

 

5. Supercomputer

 

    Supercomputer များကတော့ ကမ္ဘာ့အမြန်ဆုံးကွန်ပျူတာများ ဖြစ်ကြပါတယ်။ Supercomputer ဟာ အလွန်ဈေးနှုန်းမြင့်မားသော ကွန်ပျူတာအမျိုးအစားများ ဖြစ်ပါတယ်။

Supercomputer များဟာ တွက်ချက်မှုစနစ်များစွာကို တစ်ပြိုင်နက်တည်း တွက်ချက်ပေးနိုင်ပြီး လူပေါင်းများစွာမှ Application များစွာကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်လောက်အောင် စွမ်းဆောင်ရည်မြင့်မားပါတယ်။ Suptercomputer များကို မိုးလေ၀သဌာနများ ၊ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများ ၊ နျူးကလီးယားစက်ရုံများ ၊ လျှပ်စစ်စက်ရုံများ နှင့်အခြားသော စက်ရုံကြီးများနှင့် လုပ်ငန်းကြီးများတွင် အသုံးပြုပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.