ကွန်ပျူတာ မော်နီတာကို ပိတ်ပေးနိုင်သော Monitor Off Utility

Written by S.N.O Published in 02 Sep 2014

ဒီဆော့ဖ်ဝဲလေးကတော့ သင့်ကွန်ပျူတာရဲ့ မော်နီတာကို Keyboard Shortcut ကို အသုံးပြုပြီး အလွယ်တကူ ပိတ်ထားနိုင်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ဆော့ဖ်ဝဲတွေကိုတော့ အခြားနိုင်ငံများမှာ လုံခြုံရေး အရ အသုံးပြုလေ့ရှိပါတယ်။ အထူးသဖြင့် workstation , Server ကွန်ပျူတာများမှာဆိုလျှင် ဒီလိုမျိုး Utility Software များကို အသုံးပြုပြီး အဝေးမှ ကွန်ပျူတာ မော်နီတာများကို လှမ်းပိတ်ခြင်းများ ပြုလုပ်လေ့ရှိပါတယ်။

Monitor Off Utility ဟာ ကွန်ပျူတာမော်နီတာကို ပိတ်ပေးနိုင်တဲ့ ဆောဖ့်ဝဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီ Monitor Off Utility ကို အင်တာနက် မှာ အခမဲ့ Download ပြုလုပ်ပြီး သုံးစွဲနိုင်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီး ရှင်းလင်းတဲ့ ပုံစံနဲ့တည်ဆောက်ထားပါတယ်။

 

 

Monitor Off Utility ဟာ ကွန်ပျူတာ မော်နီတာကို ပိတ်နိုင်ယုံသာမကပဲ Screen Saver တက်အောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ ကွန်ပျူတာကို ပိတ်ပေးနိုင်တဲ့ Function များ ပါဝင်သလို သင့်ရဲ့လုပ်ငန်း Setting များကိုလည်း အလိုအလျှောက် သိမ်းဆည်းပေးနိုင်သော Feature များ ထည့်သွင်းပေးထားပါတယ်။

Turn Off ပြုလုပ်ရာမှာ ပုံမှန်အသုံးပြုပုံအပြင် Keyboard Shortcut အနေဖြင့်လည်း ဖန်တီးထားလို့ ရပါတယ်။
အောက်ကပုံကို ကြည့်ပါ။ ဒီမှာ Ctrl+Alt+L ကို Turn Off Monitor ပြုလုပ်ပေးသည့် shortcut အနေဖြင့် အသုံးပြုထားတာကို တွေ့ရပါလိမ့်မယ်။ အခြားပါဝင်တဲ့ Feature တွေကတော့ ကွန်ပျူတာကို Standby အနေဖြင့်ထားရှိခြင်း၊ Workstation များ အသုံးပြုပါကလည်း ၎င်း Workstation များကို Lock လုပ်ထားနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.