ကွန်ပျူတာ Fan ကို လဲလှယ်တပ်ဆင်ခြင်း (3)

Written by S.N.O Published in 08 Dec 2014

      ကွန်ပျူတာ အဖုံးအတွင်းရှိ Fan များကို လဲလှယ် တပ်ဆင်ချင်တယ်ဆိုရင်တော့ ကွန်ပျူတာ စက်ဖုန်းကို ဖွင့်လိုက်ပါ။ ထို့နောက် Fan များကို စစ်ဆေးပါ။ တစ်ခါတစ်ရံ ကွန်ပျူတာကို အဖုံးဖွင့်ကာ Run ထားရင်း စစ်ဆေးပေးနိုင်ပါတယ်။ တကယ်လို့ ကောင်းမွန်စွာ လည်ပတ်မှုမရှိတော့တဲ့ Fan များပါရှိနေမယ်ဆိုရင် ၎င်း Fan ရဲ့ အရွယ်အစားကို သေချာ မှတ်သားပြီး ဈေးကွက်အတွင်း ပုံစံတူ Fan ကို ရွေးဝယ်ပါ။ 

Fan များဟာ Product အလိုက် Size အရွယ်အစား ကွာခြားပါတယ်။ နောက်တစ်ချက်ကတော့ သင့်ကွန်ပျူတာအတွင်း တပ်ဆင်ထားသော Component များအလိုက် Fan ရဲ့ အရွယ်အစားဟာ ကွာခြားပါတယ်။ ဒါကြောင့် Fan တွေကို ပုံစံတူ Size တူကိုသာ ရွေးဝယ်သင့်ပါတယ်။

Fan များရဲ့ အရွယ်အစားဟာ 70 မီလီမီတာမှ 140 မီလီမီတာ ၀န်းကျင်လောက်သာ ရှိတတ်ကြပါတယ်။ Fan အရွယ်အစားအလိုက် အသုံးပြုသော Power ဟာလည်း မတူညီကြပါဘူး။ ယခုနောက်ပိုင်း Fan တွေကတော့ 120 မီလီမီတာ ၀န်းကျင် တွေသာ အသုံးပြုတာ များပါတယ်။ 

Fan များနှင့် ချိတ်ဆက်ရန်အတွက် Power Connector များ ပါဝင်ပါတယ်။ Power Connector များဟာလည်း တစ်ခုနှင့်တစ်ခု မတူညီကြပါဘူး။ ဒါကြောင့် သင်လိုချင်သော Fan အရွယ်အစားကို ရရှိသွားပြီဆိုလျှင် နောက်ထပ် စစ်ဆေး ရမှာကတော့ Power Connector ကြိုး ဖြစ်ပါတယ်။ ယခုနောက်ပိုင်း Fan များမှာ အသုံးပြုထားတဲ့ Connector များကတော့ 3 Pin Connector , 4 Pin နှင့် Standard MOLEX 4 Pin Connector တို့ ဖြစ်ကြပါတယ်။ 

 

 

3 Pin နှင့် MOLEX Connector များကတော့ Analog Type အမျိုးအစား Connector များ ဖြစ်ကြပါတယ်။ သူတို့ဟာ Connector များမှတဆင့် Fan ကို Power ပို့ပေးပါတယ်။ 4 Pin Fan ကတော့ Digitally စနစ်ကို အခြခံထားပါတယ်။ ဒါကြောင့် သူတို့ဟာ ကွန်ပျူတာ စနစ်အလိုက် Fan လည်ပတ်မှုနှုန်းများကို ချိန်ညှိကာ လုပ်ဆောင်ပေးပါတယ်။

ဥပမာ သင့်ကွန်ပျူဟာ Sleep Mode မှာရှိနေမယ်ဆိုရင် Fan လည်ပတ်မှုဟာ တစ်မျိုးဖြစ်ပြီး Loding များစွာကို အသုံးပြုနေမယ်ဆိုရင် Fan လည်ပတ်မှုဟာ အလွန်မြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်း Fan များဟာ 4 Pin များကိုသာ အသုံးပြုထားပါတယ်။

 

 

ဈေးကွက်အတွင်းမှာ အလွယ်တကူ ၀ယ်ယူလို့ရတဲ့ Motherboard တော်တော်များများဟာ 3 Pin နှင့် 4 Pin Fan ခေါင်းများ ပါဝင်ပါတယ်။ ဒါကြောင့် သူတို့မှာတော့ ဘယ် Fan ကိုမဆို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Motherboard ဒီဇိုင်းအရ Connector များရဲ့ နေရာဟာ ကွာခြားမှာ ဖြစ်ပါတယ်။ 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.