ကွန်ပျူတာ Fan ကို လဲလှယ် တပ်ဆင်ခြင်း (1)

Written by S.N.O Published in 05 Dec 2014

       ဒီသင်ခန်းစာလေးကတော့ သင့်ကွန်ပျူတာအတွင်းမှာ တပ်ဆင်ထားတဲ့ ပန်ကာ Fan များကို ဘယ်လိုမျိုး စနစ်တကျ ဖြုတ်ကာ လဲလှယ် တပ်ဆင်ရမယ်ဆိုတာကို အဆင့်ဆင့် ရှင်းလင်းဖော်ပြပေးမည့် သင်ခန်းစာ တစ်ရပ်ဖြစ်ပါတယ်။ 

နေ့စဉ်အသုံးပြုနေတဲ့ ကွန်ပျူတာအတွင်းမှာ Fan သုံးခုလောက် အနည်းဆုံး ပါဝင်ပါတယ်။ အသုံးများတဲ့ နေရာတွေကတော့ Power Supply Fan , CPU Fan , Hard Drive Fan , Casing Fan တို့ ဖြစ်ကြပါတယ်။ Fun အမျိုးအစားနှင့် အသုံးပြုသော နေရာအလိုက် ချိတ်ဆက်ထားတဲ့ connector များ မတူညီကြပါဘူး။ 

ဘာလို့လဲဆိုတော့ ဒီ Connector တွေဟာ Motherboard ကြီးမှာ စနစ်တကျ နေရာမှားပြီး တပ်ဆင်မှုမရှိအောင် ပြုလုပ် ဆောင်ရွက်ထားခြင်းနှင့် Fan တစ်ခုနှင့်တစ်ခု အသုံးပြုသော Voltage မတူညီခြင်းတို့ကြောင့် ဖြစ်ပါတယ်။ 

 

 

အခု ပထမဦးဆုံး Casing မှာ တပ်ဆင်ထားတဲ့ Fan ကို ဘယ်လို ဖြုတ်လဲရမယ်ဆိုတာကို ပြောပါမယ်။ နောက်ထပ် လုပ်ဆောင်နိုင်တာကတော့ သင့်ကွန်ပျူတာမှာ Casing အဖုန်းမှာ နောက်ထပ် Fan ထပ်မံ တပ်ဆင်ချင်သူတွေအတွက်လည်း ဒီသင်ခန်းစာဟာ အသုံးဝင်မှာ ဖြစ်ပါတယ်။ 

ကွန်ပျူတာအတွင်းမှာ Fan တွေ ထပ်မံ တပ်ဆင်ခြင်းအားဖြင့် Noise ပိုမိုဖြစ်စေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားသာချက်ကတော့ ကွန်ပျူတာအတွင်းဖုန်မှုန့်များ ၀င်ရောက်ခြင်းနှင့် ကွန်ပျူတာရဲ့ အပူချိန်ကို လျှော့ကျစေခြင်း ဖြစ်ပါတယ်။

ပထမဆုံး Fan ကို လဲလှယ် မတပ်ဆင်ခင် Fan ရဲ့ သဘောသဘာဝနှင့် Error များကို ရှင်းလင်း ဖော်ပြပေးပါမယ်။ ဒါမှသာ ကွန်ပျူတာတစ်လုံးအတွက် Fan ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို နားလည် သဘောပေါက်လာမှာ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.