စမတ်ဖုန်းနှင့် Tablet များအတွင်း Snapdragon 805 chipset ထည့်သွင်း အသုံးပြုမည်
Qualcomm မှ ထုတ်ပြန်ကြေငြာချက်အရ ၎င်း၏ Snapdragon 805 Chipset ကို Smart ဖုန်းနှင့် Tablet များအတွင်း ပထမဆုံးအနေဖြင့် စတင်ထည့်သွင်းအသုံးပြုတော့မည် ဖြစ်ကြောင်း သိရပါတယ်။ Shapdragon Chipset ရဲ့ စွမ်းဆောင်ရည်ဟာ ယခင် Chipset များထက် ပိုမိုကောင်းမွန်လာပြီး ဗွီဒီယိုဖိုင်များကြည့်ရှုရာမှာ 4 K resolution နှင့် မြင်တွေ့ရမှာဖြစ်ပြီး ဂိမ်းကစားခြင်း ၊ ဓါတ်ပုံရိုက်ကူးခြင်းတို့အတွက်လည်း စွမ်းဆောင်ရည် လွန်စွာမြင့်တက်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီလိုအားသာချက်တွေကို နောင်ထွက်ပေါ်လာမည် စမတ်ဖုန်းနှင့် Tablet များမှာ မြင်တွေ့ရမှာ ဖြစ်ပြီး Qualcomm မှ ၎င်း 805 Chipset နှင့်ပတ်သက်သော အချက်အလက်များကို CNET နှင့် အခြားသော ဂျာနယ်ပညာရှင်များအား ဖိတ်ကြား၍ အသိပေးပြောကြားခဲ့ပါတယ်။
Qualcomm ဟာ ယခင် Samsung Galaxy S5 , HTC One M8 နှင့် OnePlusOne တို့အတွင်း သူ့ရဲ့ ယခင် 801 Chipset ကို ထည့်သွင်းအသုံးပြုရာမှာ လူကြိုက်များလာခဲ့ပြီး နောင်ထွက်ပေါ်လာမည့် စမတ်ဖုန်းများအတွင်းမှာဆိုလျှင် 805 Chipset အသစ်ကို အသုံးပြုတော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Qualcomm 805 Chipset ရဲ့ အားသာချက်တွေကတော့
1. 1920 x 1080 p HD Resolution ပုံထွက်အရည်အသွေးကို ထုတ်လုပ်ပေးနိုင်ခြင်း
2. 4 K TV ကို Support လုပ်နိုင်သော H.265 Video Codec ပါဝင်မည် ဖြစ်ကြောင်း
3. Read Clearer လို့ခေါ်တဲ့ စာသားများ ပုံများ ကြည့်ရှုရာမှာ ပိုမိုပြတ်သားသော Video Processor ကိုအသုံးပြုထားသော Feature အသစ်ပါဝင်လာခြင်း၊
4. Anreno 420 GPU ကြောင့် ဂိမ်းကစားရာမှာ ပိုမိုသက်ဝင် မျှောပါစေခြင်း
5. Photo များကို အဆင့်မြင့်မားစွာ ရိုက်ကူးပြုပြင်ယူနိုင်ခြင်း
6. Stream Faster စနစ်ကြောင့် Wireless ဆက်သွယ်ရေးစနစ်မှာ ပိုမိုမြန်ဆန်လာပြီး 300 Mbps အထိ ရရှိစေနိုင်ကြောင်း
ထုတ်ပြန်ပြောကြားခဲ့ပါတယ်။