တရုတ်နိုင်ငံမှ Windows 8 အသုံးပြုမှုကို တားဆီးထုတ်ပြန်

Written by S.N.O Published in 29 May 2014

       တရုတ်နိုင်ငံအစိုးရမှ ပြည်တွင်း အစိုးရအဖွဲ့အစည်းများရှိ ကွန်ပျူတာများအတွင်းမှာ Windows 8 Operating System ထည့်သွင်း အသုံးပြုခြင်းကို တားဆီး ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့ပါတယ်။

တရုတ်ပြည်တွင်း သတင်းအေဂျင်ဆီတစ်ခုအတွင်းမှ အစိုးရဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားချက်အရ အစိုးရ အဖွဲ့အစည်းများ အတွင်းရှိ ကွန်ပျူတာများ လုံခြုံရေးစနစ်တစ်ခုကြောင့် ယခုကဲ့သို့ Windows 8 အသုံးပြုမှုကို ရပ်ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော် ရိုက်တာ (REUTER) သတင်းဌာနမှ ထုတ်ပြန်ချက်အရ တရုတ်အစိုးရ၏ ပြောကြားချက်ဟာ အခြေအမြစ်မရှိကြောင်း ၎င်းတို့အနေဖြင့် အသေးစိတ် ရှင်းလင်းချက် တစ်စုံတစ်ရာ ပြန်လည် မဖြေကြားနိုင်ကြောင်း သိရပါတယ်။

 

 

          ယခုတရုတ်အစိုးရ၏ ထုတ်ပြန်ကြေငြာချက်ဟာ အမေရိကန်နှင့်တရုတ်အကြား ပြဿနာတစ်ခုဖြစ်ပွားပြီးရာမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ၎င်းပြဿနာများဟာ အမေရိကန်မှ တရုတ်အစိုးရပိုင် အဖွဲ့အစည်းအချို့အား ၎င်းတို့ကွန်ယက်အတွင်းသို့ လျှို့ဝှက်ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲပြောဆိုခြင်း ဖြစ်ကြောင်း သတင်းဌာနများမှ ထုတ်ပြန်ထားပါတယ်။

တရုတ်အစိုးရမှ ပြန်လည် ပြောကြားချက်အရ အမေရိကန်ဟာ အများ အာရုံစိုက်လာစေရန်အတွက် ဆိုက်ဘာလျှို့ဝှက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အပေါ်စွဲချက်တင်ခဲ့ကြောင်း ချေပ ပြောဆိုခဲ့ပါတယ်။ Microsoft မှ ယခုကဲ့သို့ တရုတ်အစိုးရ၏ ပြုမူချက်သည် Windows Privancy ကို ထိပါးပြီး လွန်ခဲ့သော နှစ်များအတွင်းမှာလည်း တရုတ်ပြည်တွင်းမှ လိုင်စင်မဲ့ Windows အခွေများ သုံးစွဲမှုကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.