တရုတ်ပြည်တွင်း Samsung ကုမ္ပဏီအား ကလေးအလုပ်သမား ခေါ်ယူခိုင်းစေမှုကို စစ်ဆေး
တရုတ်အာဏာပိုင်များရဲ့ စုံစမ်းထောက်လှမ်းချက်အရ ဒေသတွင်း Samsung Electronics Supplier လုပ်ငန်းစုအတွင်း ကလေးအလုပ်သမားများ ခေါ်ယူသုံးစွဲထားခြင်း မရှိကြောင်း ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
တရုတ်ပြည်တွင်း Samsung ကုန်သည် လုပ်ငန်းစုအတွင်း ကလေးအလုပ်သမားများ အထူးသဖြင့် ငါးနှစ်အောက် ကလေးသူငယ်များကို လုပ်ငန်းအတွင်း တရားမ၀င် ခေါ်ယူခိုင်းစေထားမှုများ ရှိနေကြောင်း ကောလဟာလများ ထွက်ပေါ်ပြီး နောက်ပိုင်း ယခုကဲ့သို့ စုံစမ်းထောက်လှမ်းမှုများကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ပြည်တွင်း Dongguan Shinyang အီလက်ထရောနစ်လုပ်ငန်းမှာလည်း ငါးနှစ်အောက် ကလေးငယ် အလုပ်သမားများ ခေါ်ယူခိုင်းစေထားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်း ခံနေရကြောင်း၊ နယူးယောက် အခြေပြု ကလေးအလုပ်သမားရေးရာ အဖွဲ့အစည်းမှ ထုတ်ဖော် ပြောကြားထားပါတယ်။
ဒါကြောင့် ယခုကဲ့သို့ တရားမ၀င် ကလေးငယ် အလုပ်သမားများ ခေါ်ယူခိုင်းစေမှုနှင့် ပတ်သက်ပြီး Samsung နှင့် Dongguan ကုမ္ပဏီတို့ဟာ စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရပြီး Samsung မှာလည်း ကုမ္ပဏီ စက်ရုံများအတွင်းရှိ အလုပ်သမားများ အသက်အရွယ်ကိုလည်း သေချာ စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
တရုတ်အစိုးရ၏ အလုပ်သမား ဥပဒေအရ 16 နှစ်အောက် အလုပ်သမားများကို စက်ရုံ အလုပ်ရုံများမှ ခေါ်ယူခိုင်းစေမှုများကို တင်းကြပ်စွာ တားမြစ်ထားကြောင်း ပြည်တွင်း လုပ်ငန်းတစ်ချို့မှာ ကျောင်းသားများကို ခေါ်ယူ အသုံးပြုလေ့ရှိကြောင်း သိရပါတယ်။