ပုံရဲ့ တည်နေရာကို အတိအကျ သတ်မှတ်ခြင်း
Adobe InDesign အတွင်း ထည့်သွင်းထားတဲ့ ဓါတ်ပုံရဲ့ တည်နေရာကို အတိအကျ သတ်မှတ်ထားလို့ ရပါတယ်။ သာမန်အားဖြင့် အလွယ်တကူ Mouse နှင့် Drag ဆွဲကာ သတ်မှတ်ပေးနိုင်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်ရံမှာ အတိအကျ သတ်မှတ်ပေးရတဲ့ အခါမျိုးလည်း ရှိပါတယ်။ ဥပမာအားဖြင့် ဂျာနယ် Layout များမှာ ပုံရဲ့ တည်နေရာ၊ ပုံရဲ့ အရွယ်အစားများကို အတိအကျ သတ်မှတ်ပေးရပါတယ်။
ဒါမှသာ ဂျာနယ်စာမျက်နှာအလိုက် ပုံရဲ့တည်နေရာဟာ အတိအကျရရှိမှာ ဖြစ်ပါတယ်။ ပုံတစ်ပုံရဲ့ တည်နေရာကို အတိအကျ သတ်မှတ်ရန်အတွက် ပုံပေါ်မှာ Control + Shift + M ကို နှိပ်လိုက်ပါမယ်။
ဒီလို Shortcut Key တွေနဲ့ ရှင်းလင်းသင်ကြားပေးရခြင်း ရည်ရွယ်ချက်ကတော့ အမှန်ကတယ် InDesign ကို အသုံးပြုရာမှာ Professional အနေဖြင့် Layout များကို အလွယ်တကူ ပြုလုပ်နိုင်စေရန်အတွက် ဖြစ်ပါတယ်။
Horizontal ကတော့ အလျားလိုက် ရွှေ့လိုတဲ့အခါမှာ အသုံးပြုပြီး Vertical ကတော့ ဒေါင်လိုက် ရွေ့လိုတဲ့အခါမှာ အသုံးပြုပါတယ်။ Distance ကတော့ ဘေးတိုက် အကွာအဝေးကိုပြောတာ ဖြစ်ပါတယ်။
Angle ကတော့ ဒေါင့်မှန်ပုံစံအတိုင်း ပုံကိုရွှေ့ပြောင်းပေးမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် 90 ဒီဂရီမှာ ထားလိုက်မယ်ဆိုရင် ပုံဟာအပ်ါကို တက်သွားမှာ ဖြစ်ပါတယ်။ 45 ဒီဂရီ မှာ ထားလိုက်မယ်ဆိုရင် ပုံဟာ ဘေးစောင်းရွေ့လျားသွားမှာ ဖြစ်ပါတယ်။
Copy ကို နှိပ်လိုက်မယ်ဆိုရင်တော့ မူရင်း ပုံရဲ့တည်နေရာကို မပြောင်းလဲပေးပဲ နောက်ထပ် ပုံအသစ်တစ်ပုံအနေဖြင့် Copy ကူးယူကာ ရွေ့ပြောင်းပေးသွားမှာ ဖြစ်ပါတယ်။