ဖျက်၍မရသော Folder များ ဖန်တီးခြင်း

Written by S.N.O Published in 16 Sep 2014

      ဒီသင်ခန်းစာကတော့ ကွန်ပျူတာလုံခြုံရေးစနစ်အတွက် အတော်လေး အထောက်အကူပြုသည့် သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ ကွန်ပျူတာ Drive များအတွင်း ဖျက်လို့မရတဲ့ folder တစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒီလို ဖန်တီးထားတဲ့ Folder ကို ဘယ်လိုနည်းနဲ့မှ ပြန်ဖျက်လို့ မရပါဘူး။

ဘာလို့လဲဆိုတော့ သူဟာ Command Line မှ ဖန်တီးထားသော Folder တစ်ခုဖြစ်နေလို့ ဖြစ်ပါတယ်။ သူ့ကို ပြန်ဖျက်ချင်တယ်ဆိုရင်တော့ Command line မှသာ ပြန်ဖျက်နိုင်ပါတယ်။ ဒီတော့ သင့်ကွန်ပျူတာအတွင်းရှိ အရေးကြီးတဲ့ File များကို ဒီလို Undeleted Folder အောက်မှာ အလွယ်တကူ သိမ်းဆည်းထားနိုင်ပါတယ်။

အခု Undeleted Folder တစ်ခုကို တည်ဆောက်ရန်အတွက် Run > CMD လို့ ရိုက်ထည့်ပြီး Command Prompt ကို ဝင်လိုက်ပါ။

 

 

ပြီးနောက် Drive Letter ကို ပြောင်းလဲရပါမယ်။ ဒီလိုမျိုး Undeleted Folder ကို C: အောက်မှာ ဖန်တီးလို့ မရပါဘူး။ ဒါကြောင့် အခြား D: သို့မဟုတ် E: အောက်မှာသာ ပြောင်းလဲဖန်တီးထားပါမယ်။ အခု E: အောက်မှာ ဖန်တီးချင်တဲ့အတွက် E: လို့ ရိုက်ထည့်လိုက်ပါမယ်။

 

 

ဒါဆိုရင် E: Drive ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။ ပြီးနောက် md con\ လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Drive Letter E: ထဲမှာ con ဆိုတဲ့ Folder တစ်ခု ရောက်သွားပါလိမ့်မယ်။

 

အခု ၎င်း con ဆိုသည့် folder လေးကို delete လုပ်ကြည့်ပါ။ အောက်ပါ အတိုင်း Error ကျလာပါလိမ့်မယ်။

 

 

ထို့အတူ ၎င်း Folder ကို အမည်ပြောင်းလဲခြင်း၊ ရွှေ့ခြင်း၊ Delete လုပ်ခြင်း အားလုံး လုပ်ဆောင်လို့ မရတာကို တွေ့ရပါလိမ့်မယ်။ သူ့ကို ပြန်လည် Delete လုပ်ချင်တယ်ဆိုရင်တော့ Command Prompt မှာ rd con\ လို့ ပြန်ရိုက်ထည့်လိုက်ပါ။

 

 

ဒါဆိုရင် Drive E: အောက်မှာရှိတဲ့ con ဆိုတဲ့ Folder လေးပျက်သွားမှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.