ဘက်ထရီစွမ်းအင်မပါပဲ Wi - Fi ကွန်ယက် အသုံးပြုနိုင်သော Wi-Fi Backscatter
ယခုရက်ပိုင်းအတွင်း ၀ါရှင်တန် တက္ကသိုလ်ရှိ အင်ဂျင်နီယာများဟာ Wi-Fi Backscatter လို့ ခေါ်တဲ့ Wi-Fi ကွန်ယက်တစ်ခု တည်းမှာသာ အသုံးပြုနိုင်တဲ့ Wi-Fi Device အသစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ ၎င်း Wi-Fi Backscatter ဟာ နည်းပညာသစ် များကို အခြေခံကာ တီထွင် ပြုလုပ်ထားတာ ဖြစ်ပြီး ၎င်းဟာ Router မှ Signal အချို့ကိုသာ ရယူပြီး Power Up ပြုလုပ်မှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
Wi-Fi Backscatter ဟာ Wi - Fi ပစ္စည်းများ အားလုံးအထဲတွင် ပထမဆုံး ဘက်ထရီ မပါဝင်သော နည်းပညာသစ်တစ်ရပ် ဖြစ်ကြောင်း၊ ၎င်းဟာ Router မှ Signal ကို အသုံးပြုပြီး Power ကို ဖွင့်ပေးမှာ ဖြစ်ကြောင်း ၊ UW သတင်းဌာနမှ ပြောကြားခဲ့ပါတယ်။
ယခုလို သုတေသီများရဲ့ တီထွင်ချက်အရ ယခုလို ဘက်ထရီအသုံးပြုမှု မပါဝင်တဲ့ Wi-Fi Device အသစ်ဟာ အင်တာနက်အသုံးပြုမှုအတွက် အဓိက အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ရပ် ဖြစ်ကြောင်း ၊ အခြားသော လျှပ်စစ်ပစ္စည်း များကိုလည်း ယခုကဲ့သို့ ထပ်မံတီထွင်ဦးမှာ ဖြစ်ကြောင်း ၊ နောင်တစ်ချိန်တွင် ဘက်ထရီမပါဝင်သော Device များစွာ ထွက်ပေါ်ရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။
ဒီနည်းပညာရပ် အသစ်တွေ့ရှိမှုဟာ အခြားသော Small Device များအား ဘက်ထရီ မပါဝင်ပဲ တီထွင်နိုင်ရန် လမ်းစတစ်ရပ်ဖြစ်ပြီး နောင်တစ်ချိန် လျှပ်စစ်စွမ်းအင် အသုံးမပြုပဲ Device အများအပြား ထွက်ပေါ်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုခဲ့ပါတယ်။