မိုဘိုင်း ကင်မရာရဲ့ လျှို့ဝှက်ချက်များ

Written by S.N.O Published in 08 Jul 2014

    မိုဘိုင်းဖုန်းတစ်လုံးကို အသုံးပြုပြီးဓါတ်ပုံများ ရိုက်ကူးရာမှာ သာမန်ဓါတ်ပုံများ ရိုက်ကူးခြင်းအတွက်တော့ ဘာမှအခက်အခဲပြဿနာ မရှိပဲ အလွယ်တကူ ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများအတွင်း Firework လို့ခေါ်တဲ့ အလင်းများလွန်းသော ရိုက်ကူးချက်များ ၊ မီးရူးမီးပန်းပုံများ ၊ နေရောင်အလင်းများကို ရိုက်ကူးရာမှာတော့ အခက်အခဲ အနည်းငယ် ရှိနေပါသေးတယ်။

ဒီလိုပြဿနာများကို ဖြေရှင်းရန်အတွက်ကတော့ မိုဘိုင်းစမတ်ဖုန်းများအတွင်း အခြားသော Application များကို ပေါင်းစပ်အသုံးပြု၍ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကင်မရာရဲ့ dSLR ကို ချိတ်ညှိလို့ပဲဖြစ်ဖြစ် အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ်။

အောက်ဖော်ပြပါ အကြံပြုချက်များကတော့ မိုဘိုင်းစမတ်ဖုန်းများမှာ ပါဝင်တဲ့ ကင်မရာကို ချိတ်ညှိပုံနှင့် အခြားသော Application များ အသုံးပြုပုံကို ရှင်းလင်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

 

တကယ်တော့ Firework နောက်ခံပုံများကို ရိုက်ကူးရာမှာ နည်းလမ်းမသိလျှင် အတော်လေးခက်ခဲပြီး စိတ်ကသိကအောက် ဖြစ်စေမည့် အချက်တစ်ချက် ဖြစ်ပါတယ်။

    Firework ဓါတ်ပုံများကို ရိုက်ကူးရာမှာ အရင်ဆုံး ဖုန်းကင်မရာမှာပါဝင်တဲ့ Flash အလင်းကို Turn off လုပ်ပြီး ပိတ်ထားရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် HDR Mode ကို Off လုပ်ထားလို၍ ဖြစ်ပါတယ်။

တစ်ချို့သော မိုဘိုင်းဖုန်းအတွင်းမှာ ပါဝင်တဲ့ ကင်မရာ Application တွေကတော့ Fireworks Mode ပါဝင်ပါတယ်။ ဒီလို Function တွေ ပါဝင်မယ်ဆိုရင်တော့ Firework ကို အလွယ်တကူ ရိုက်ကူးနိုင် ပါတယ်။ တကယ်လို့ Firework Mode မပါဝင်ဘူးဆိုရင်တော့ Night Mode နှင့် ပြောင်းလဲပြီး ရိုက်ကူးနိုင်ပါတယ်။

 

 

    သင့်အနေဖြင့် AE/AF Option တွေကို အသုံးပြုရိုက်ကူးမယ်ဆိုရင်တော့ Focus ကို Lock လုပ်ကာ အလွယ် တကူ Firework ပုံများကို ရိုက်ကူးလို့ရပါတယ်။ တကယ်လို့သင်ဟာ Nokia Lumia စမတ်ဖုန်းကို အသုံးပြုသူတစ်ယောက် ဆိုလျှင်တော့ ProCamera Application ကို အသုံးပြုကာ ISO နှင့် Focus ကို ချိန်ညှိပြီး Firework ပုံများကို ရိုက်ကူးနိုင်ပါတယ်။

ISO Value ကို 100 နှင့် 200 ၀န်းကျင်မှာထားပြီး ရိုက်ကူးသင့်ပါတယ်။ တကယ်လို့ အခြား Android စမတ်ဖုန်းများကို အသုံးပြုသူ User များအနေဖြင့်ကတော့ Firework ပုံများကို Camera FV-5 ကို အသုံးပြုနိုင်ပြီး Windows Mobile ဖုန်းများမှာဆိုရင်တော့ CameraPro ကို အသုံးပြုနိုင်ပါတယ်။ iOS User များ အနေဖြင့်ကတော့ Camera+ ကို အသုံးပြုကာ Firework ပုံများကို ရိုက်ကူး ရယူနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.