ယနေ့အချိန်အထိ Windows XP အသုံးပြုသူများရှိနေသေးကြောင်း Microsoft မှ ပြောကြား

Written by S.N.O Published in 30 Jul 2014

    Microsoft ကုမ္ပဏီအနေဖြင့် လွန်ခဲ့တဲ့ ဧပြီလမှစတင်၍ Windows XP အသုံးပြုမှုနှင့် ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ Patches များ ဆက်လက်ထုတ်လုပ်ပေးတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ သလို ၎င်း Operating System ရဲ့ အားနည်းချက်များကိုလည်း ပြုပြင်ပေးမှာ မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာထားပါတယ်။

သုတေသီများရဲ့ စစ်တမ်းအရ လက်ရှိအချိန်အထိ အနောက်နိုင်ငံများမှာ Windows XP အသုံးပြုသူ အများအပြားရှိနေသေးကြောင်း ၊ လက်ရှိ ကမ္ဘာ့ Desktop PC ဈေးကွက်ရဲ့ 25 ရာခိုင်နှုန်းခန့်ဟာ Windows XP ထည့်သွင်းအသုံးပြုထားသော ကွန်ပျူတာများ ဖြစ်ကြောင်း သိရှိရပါတယ်။

အခြားသော Operating System များအနေနဲ့ကတော့ Windows 7 , Windows 8 နှင့် iOS အသုံးပြုသူများ ဖြစ်ကြကြောင်း သိရှိရပါတယ်။ ဒီလို အခြေအနေများကြောင့် Antivirus ထုတ်လုပ်သော ကုမ္ပဏီများအနေနဲ့လည်း Windows XP တွင် Malware , Virus , Trojan များ မ၀င်ရောက်နိုင် အောင် ကာကွယ်ပေးသည့် Feature များစွာ ထည့်သွင်း အသုံးပြုလျှက်ရှိနေသေးပါတယ်။

 

 

AV-Test မှ တွေ့ရှိချက်အရ Antivirus ထုတ်လုပ်သော ကုမ္ပဏီ 23 ကို စစ်ဆေးမေးမြန်းကြည့်ရာ 9 ရာခိုင်နှုန်းသော Customer များဟာ Windows XP ကို လက်ရှိအသုံးပြုလျှက်ရှိကြသေးကြောင်း ၊ ၎င်း ကုမ္ပဏီများအနေဖြင့်လည်း Windows XP ကို လက်ရှိအချိန်အထိ အာရုံစိုက်ကာ Antivirus များ ထုတ်လုပ်လျှက်ရှိသေးကြောင်း သိရပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.