သင့်ကွန်ပျူ တာရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည့် အချက် (၃) ချက်

Written by S.N.O Published in 12 May 2014

     သင်ဟာ ကွန်ပျူ တာ အသုံးပြုသူတစ်ဦးဆိုရင် မည်သည့်အချိန်တွင်မဆို သင့်ကွန်ပျူ တာကို လျင်လျင်မြန်မြန်နှင့် ပေါ့ပေါ့ပါးပါး ရှိစေချင်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် ကွန်ပျူ တာတွေဟာ အသစ်ဆိုရင် စွမ်းဆောင်ရည် အလွန်ကောင်းကြပါတယ်။ ဒါပေမယ့် လေးငါးခြောက်လလောက် ကြာလာပြီးတဲ့နောက် သင့်ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ တဖြည်းဖြည်း မသိမသာ ကျဆင်းလာပါလိမ့်မယ်။

လူတိုင်းကတော့ အလွန်မြန်တဲ့ Super fast Computer ကို အသုံးပြုချင်ကြပါတယ်။ ဒါပေမယ့် တန်ဖိုးကြီး computer တွေလောက် မမြန်ဆန်နိုင်ပေမယ့် အတော်အသင့်တော့ မြန်ဆန်လာစေရန် အောက်ပါအချက်များက အထောက်အကူ ဖြစ်မှာပါ။

 

Add Memory

ကွန်ပျူ တာတစ်လုံး မြန်ဆန်စေရန်အတွက် အဓိကကျတဲ့ အချက်တစ်ချက်ကတော့ Memory (RAM) တိုး မြှင့်ခြင်းဖြစ်ပါတယ်။

CPU မြှင့်ရင်ကော ရသလားဆိုတော့ ရပါတယ်။ ဒါပေမယ့် CPU မြှင့်တဲ့အခါ သင့် Motherboard နှင့် မကိုက်ညီလျှင် Motherboard ကိုပါ အသစ်လဲလှယ်ရပါတယ်။ ဒါကြောင့် CPU ဟာ မြှင့်ချင်တိုင်း မြှင့်လို့မရပါဘူး။ အဆင်အပြေဆုံးကတော့ RAM မြှင့်တင်ခြင်းပါ။

ဒါပေမယ့် သင့်ကွန်ပျူ တာနှင့် ကိုက်ညီမှုရှိတဲ့ DDR RAM, DDR 2 , DDR 3 စတဲ့ RAM တွေကို ရွေးချယ် ၀ယ်ယူတတ်ဖို့တော့ လိုပါတယ်။ ဥပမာ သင့်ကွန်ပျူ တာဟာ DDR 2 RAM ကိုပဲ Support လုပ်မယ်ဆိုရင် DDR 3 RAM အမျိုးအစားကို သုံးလို့မရပါဘူး ။ ဒါကြောင့် Motherboard နှင့် RAM ကိုတော့ ကိုက်ညီအောင် သတိထား ၀ယ်ယူရပါမယ်။

RAM တွေဟာ ဈေးနှုန်းအရ သက်သာပြီး သင့်ကွန်ပျူ တာရဲ့ စွမ်းဆောင်ရည်ကို တိုးတက်လာစေပါတယ်။ နောက်တစ်ချက်ကတော့ RAM တိုးမြှင့်တဲ့ လုပ်ငန်းစဉ်ဟာလည်း အချိန်ကုန်သက်သာပြီး မိနစ် ၂၀ လောက်သာ ကြာမြင့်ပါတယ်။

 

Erase Files

အသုံးပြုနေတဲ့ ကွန်ပျူ တာတွေဟာ ခုံတစ်ခုံရဲ့ အံဆွဲတွေနဲ့ ဆင်တူပါတယ်။ သင်ဟာ အံဆွဲထဲကို ပစ္စည်းအမြောက်အများ ထည့်ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ အံဆွဲဟာ လေးလာပြီး ပစ္စည်းတွေဟာလည်း ရှုပ်ပွနေမှာပါ။ ဒီတော့ အကောင်းဆုံး နည်းလမ်းကတော့ ရှင်းလင်းရေးစနစ် ဖြစ်ပါတယ်။

ဒီအချက်ဟာ အနည်းငယ် ပေါ့ပျက်ပျက် ဖြစ်ပေမယ့် တကယ့်ကို ထိရောက်မှုရှိတဲ့ အကြံဥာဏ်ဖြစ်ပါတယ်။ သင့်အနေဖြင့် အသုံးမပြုလိုသည့် Application များ ဖျက်ပစ်ခြင်း၊ Temp File များဖျက်ခြင်း၊ Registry ကို cleaning လုပ်ခြင်းစတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

ဥပမာ အားဖြင့် Windows User တွေဆိုရင် CCleaner software ကို အသုံးပြုပြီး Registry ကို Cleaning ပြုလုပ်နိုင်ပါတယ်။ OS X User တွေဆိုရင်တော့ Daisy Disk ကို အသုံးပြုနိုင်ပါတယ်။

 

Virus Cleaning

ဘယ်လောက်ပဲမြန်တဲ့ ကွန်ပျူ တာ ဖြစ်နေပါစေ Virus ၀င်နေလျှင် ၎င်းကွန်ပျူ တာရဲ့ Performance ဟာ 60 % လောက် ကျဆင်းသွားတတ်ပါတယ်။

ဒီတော့ ကွန်ပျူ တာများအတွင်း မသင်္ကာဖွယ်ရာ File , Folder များ၊ Application များ ရှိနေမယ်ဆိုရင် သင့်ကွန်ပျူ တာကို Virus Scan ပြုလုပ်ပေးသင့်ပါတယ်။ Virus အများစုဟာ သင့်ကွန်ပျူ တာအတွင်း ၀င်ရောက်ပြီး Windows Files များ Application များကို ဒုက္ခပေးတတ်ပါတယ်။

ဒီလို အခြေအနေကို ရောက်လာပြီဆိုရင်တော့ သင့်ကွန်ပျူ တာရဲ့ Performance ဟာလည်း အတော်လေး ကျဆင်းလာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ကြိမ်တစ်ခါဖြစ်ဖြစ် Antivirus Software ကောင်းကောင်းတစ်ခုနှင့် သင့်ကွန်ပျူ တာကို Virus Check လုပ်ပေးသင့်ပါတယ်။

အသုံးများတဲ့ Antivirus software တွေကတော့ Kaspersky , Microsoft Security Essential , Avest , Avira စတာတွေ ဖြစ်ပါတယ်။ အခမဲ့ ရယူနိုင်ပြီး အသုံးပြုရလွယ်ကူတာကတော့ Avira နှင့် Microsoft Security Essential တို့ဖြစ်ကြပါတယ်။

ဒါပေမယ့် တစ်ခု သတိထားရမှာကတော့ အဲ့ဒီ Anti Virus ဆော့ဖ်ဝဲလ်တွေကို Update ပြုလုပ်ပြီးမှသာ သင့်ကွန်ပျူ တာကို Virus Scan ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.