သင့်ရဲ့ Wi-Fi ကွန်ယက်အတွင်း ၀င်ရောက်လာမှုကို ကြည့်ရှုနိုင်သော WIOMW App

Written by S.N.O Published in 31 Jul 2014

      အခု ဖော်ပြပေးမှာကတော့ သင့်ရဲ့ Wi-Fi ကွန်ယက်အတွင်း အခြားသူတစ်ယောက်ယောက် ၀င်ရောက် အသုံးပြုမှုကို အလွယ်တကူ ကြည့်ရှုနိုင်သည့် WIOMW (Who Is On My WiFi) လို့ခေါ်တဲ့ Application လေး ဖြစ်ပါတယ်။

ဒီ Application လေးကို အင်တာနက်မှတစ်ဆင့် အလွယ်တကူ Download ပြုလုပ်ကာ ရယူနိုင်ပြီး သင့်ကွန်ပျူတာအတွင်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ဒီ Application ကို အသုံးပြုခြင်းအားဖြင့် သင့်ရဲ့ကွန်ယက်အတွင်း အခြား သူစိမ်းများ ၀င်ရောက်အသုံးပြုမှုကို ကာကွယ်တားဆီးနိုင်ခြင်း၊ သင့်ရဲ့အင်တာနက် ကွန်နက်ရှင်ကို အလွယ်တကူ ခိုးယူ အသုံးမပြုနိုင်ခြင်း စတဲ့အချက်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

 

 

WIOMW Application လေးကို အသုံးပြုရန် အတွက် Download ပြုလုပ်ပြီး သင့်စက်ထဲသို့ ထည့်သွင်းထားလိုက်ပါ။

ပြီးနောက် ၎င်း Application လေးကို ဖွင့်လိုက်လျှင် ဒီ Application အသုံးပြုပုံ Tutorial တွေကို Step by Step တစ်ဆင့်ချင်းစီ ရှင်းလင်းထားတာတွေကို တွေ့ရပါလိမ့်မယ်။ ၎င်း အဆင့်အတိုင်း တစ်ဆင့်ချင်း လေ့လာသွားလျှင် သင့်အနေဖြင့် WIOMW ကို အလွယ်တကူ အသုံးပြုနိုင်သွားပြီ ဖြစ်ပါတယ်။

WIOMW ကို ဖွင့်ပြီးနောက် သင့်အနေဖြင့် အသုံးပြုလိုတဲ့ WiFi ကွန်ယက်ကို Scan ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ ဒီလို Scan ပြုလုပ်ပြီးနောက် Port Range များကို အလွယ်တကူ Configure ပြုလုပ်ထားနိုင်သလို အခြားကွန်ပျူတာများရဲ့ IP Address များ၊ ကွန်ယက် ချိတ်ဆက်အသုံးပြုမှုများကို အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။

 

 

WIOMW ရဲ့ နောက်ထပ် အားသာချက်ကတော့ သင့် ကွန်ယက်အတွင်းရှိ Different Device လို့ခေါ်တဲ့ မတူညီတဲ့ Device များကို အလွယ်တကူ ရှာဖွေပေးနိုင်ပါတယ်။

ဥပမာ သင့်ရဲ့ကွန်ယက်ကို ကွန်ပျူတာ၊ မိုဘိုင်း၊ Tablet များမှ အသုံးပြုမှု အားလုံးကို List ပြုလုပ်ကာ ဖေါ်ပြပေးနိုင်ပါတယ်။ အဲဒီမှာ သင့်အနေဖြင့် အသုံးမပြုစေချင် တဲ့ IP / MAC Address များကို ပိတ်ထားနိုင်ပါတယ်။

ထို့ပြင် Wireless Router များကဲ့သို့ Log in ၀င်စရာမလိုပဲ သင့်ရဲ့ Wireless Password ကို ကွန်ယက် အသုံးပြုနေရင်း ပြောင်းလဲပေးနိုင်တာဟာလည်း ၎င်း Application ရဲ့ အားသာချက် တစ်ရပ်ဖြစ်ပါတယ်။

ဒါကြောင့် အိမ်သုံး WiFi ကွန်ယက် တည်ဆောက်ထားသူများ၊ အခြားသူများမှ မိမိ ကွန်ယက်အတွင်း ၀င်ရောက်လာတာကို တားဆီးလိုသူများအနေဖြင့် အသုံးဝင်စေမည့် Application လေးတစ်ခု ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.