သိထားသင့်သော Firefox Add-on များ

Written by S.N.O Published in 30 Aug 2014

အခု ဖော်ပြပေးလိုက်တဲ့ Add on များကတော့ အင်တာနက် အသုံးပြုခြင်းအတွက် ပိုမို လုံခြုံစိတ်ချရမှု ရှိစေရန် စွမ်းဆောင်ပေးမည့် Add on များ ဖြစ်ကြပါတယ်။

Add on တစ်ခုစီအလိုက် ထူးခြားတဲ့ စွမ်းဆောင်ရည်နှင့် Security System များ ပါဝင်တာကြောင့် နေ့စဉ် အင်တာနက် အသုံးပြုနေသူများနှင့် ကိုက်ညီမှုရှိစေမှာ အမှန်ပါပဲ။

ဒီ Add on များကို အဓိကအားဖြင့် Firefox မှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အချို့သော Add on များဟာ Firefox မှာ အဆင်ပြေပြေ အသုံးပြုနိုင်ပေမယ့် အခြားသော Browser များမှာတော့ Error အနည်းငယ်ရှိပါတယ်။

CipherFox Add-on

      သင့်အနေဖြင့် Browsing ပြုလုပ်နေစဉ်အတွင်း encrypted ပြုလုပ်ထားသော ၀ဘ်စ်စာမျက်နှာများကို ရောက်ရှိသွားပါက CipherFox ဟာ သင့်အား သတိပေးနိုင်သည့် add-on ပဲ ဖြစ်ပါတယ်။ CipherFox ဟာ Firefox အတွင်း ထည့်သွင်း အသုံးပြုမည်ဆိုပါက Browser ၏ ညာဘက်အောက်ခြေရှိ Bar တွင် Icon တစ်ခုအနေဖြင့် ပေါ်နေမှာ ဖြစ်ပြီး သင့်အသုံးပြုနေတဲ့ ၀ဘ်စာမျက်နှာများကို စောင့်ကြပ်ကြည့်ရှုနေမှာ ဖြစ်ပါတယ်။

 

 

၎င်းဟာ Secure Sockets Layer/ Transport LayerSecurity (SSL/ TLS) ဖြစ်ပြီး RC4 encryption များကိုပါ Disable ပြုလုပ်ပေးထားနိုင်တာကြောင့် အင်တာနက် အသုံးပြုခြင်းကို ပိုမို စိတ်ချ ကောင်းမွန်စေနိုင်ပါတယ်။

LastPass Add-on

      Firefox ၏ Built - in အနေဖြင့် ထည့်သွင်းထားသော Password Manager ကို အသုံးပြုပြီး Master Password
များကို ဖန်တီးပေးနိုင်သော Add on တစ်ခု ဖြစ်ပါတယ်။ LastPass Add-on ဟာ ပိုမိုစိတ်ချရပြီး လုံခြုံမှုရှိတဲ့ Add on တစ်ခု ဖြစ်ပါတယ်။ ၎င်း Add on ကို Firefox အတွင်း ထည့်သွင်း အသုံးပြုထားပါက Firefox Windows ၏ အပေါ်ဖက်တွင် LastPass ရဲ့ Icon လေး ပေါ်နေမှာ ဖြစ်ပြီး ကိုယ်ပိုင် အချက်အလက်စာတိုများ၊ User ID များ၊ Password များကို လုံခြုံစိတ်ချစွာ မှတ်သားပေးထားမှာ ဖြစ်ပါတယ်။

 

 

ထို့ပြင် Password နှင့် User ID များကို Export ပြုလုပ်ပြီးလည်း သိမ်းဆည်းထားနိုင်ပါတယ်။ LastPass Add-on ရဲ့နောက်ထပ် အားသာချက်ကတော့ Password များ ID များကို Keyboard Shortcut များအနေဖြင့် ဖန်တီးကာ သိမ်းဆည်းထားနိုင်ခြင်း ဖြစ်ပါတယ်။

LastPass ဟာ Internet Explorer , Google Chrome , Safari တို့အတွင်း ထည့်သွင်း အသုံးပြုထားနိုင်သလို အခြား iPhone ,Smartphone တို့အတွင်းလည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

ProxifyMyFox

 

 

ဒီ Add on ကတော့ သင့်ကွန်ပျူတာရဲ့ IP ကို အခြားသူများ မမြင်တွေ့စေရန် Hide လုပ်ပေးထားနိုင်တဲ့ Add on တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ဒီ Addon ကို အသုံးပြုခြင်းအားဖြင့် သင့်ရဲ့ဝဘ်စ်အသုံးပြုမှုကို ပိုမိုလုံခြုံမှု ရှိစေပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.