သိထားသင့်သော Firefox Add-on များ (၁)

Written by S.N.O Published in 30 Aug 2014

      အခု Firefox Add on များကို ဆက်လက် လေ့လာကြည့်ရအောင်။ ဒီအပိုင်းမှာတော့ အင်တာနက် အသုံးပြုခြင်းအတွက် ပိုမို စိတ်ချမှု ရှိစေနိုင်မည့် Security Add on တွေကို ထပ်မံကောက်နှုတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Remove Locale

 

 

Remove Locale ကတော့ Phishin တိုက်ခိုက်မှုကို ဟန့်တားပေးနိုင်သော Add on တစ်ခု ဖြစ်ပါတယ်။ Firefox အား ပိုမို Secure ဖြစ်အောင် လုပ်ဆောင်ပေးနိုင်သလို ၀ဘ်ဆိုဒ်စာများအတွင်းရှိ Diacritics များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

Mitto Password Manager

      Mitto Password Manager ကတော့ အွန်လိုင်း Password Manager တစ်ခုဖြစ်ပြီး မည်သည့် Browser နှင့်မဆို
တွဲဆက် အသုံးပြုနိုင်တဲ့ Add on တစ်ခု ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုခြင်းအတွက် အဓိကလုံခြုံစိတ်ချမှုရှိစေရန် ကူညီဆောင်ရွက်ပေးမည့် Add on တစ်ခု ဖြစ်ပါတယ်။

 

 

သူ့ရဲ့ အဓိက စွမ်းဆောင်ချက်ကတော့ အင်တာနက်အသုံးပြုရာတွင် ၀ဘ်ဆိုက်လိပ်စာများ Password များကို ပူးတွဲမှတ်သားပေးထားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ထပ် အားသာချက်ကတော့ ကွန်ပျူတာအတွင်းရှိ အခြား
Application များတွင် အသုံးပြုသော Password များကိုပါ မှတ်သားထားပေးနိုင်ပါတယ်။

BrowserProtect

 

 

BrowserProtect ကတော့ သင့် Browser ရဲ့ Configuration များစွာကို ကာကွယ်ပေးထားနိုင်တဲ့ Add on တစ်ခု ဖြစ်ပါတယ်။ သင့်လက်ရှိ အသုံးပြုနေသော Browser ရဲ့ Setting များကိုသာမကပဲ Homepage , Search History များကိုပါ လုံခြုံမှုရှိစေရန် မှတ်သားထားနိုင်ပါတယ်။ သူ့မှာ Security စနစ်လည်း ပါဝင်ပြီး Hijacks တိုက်ခိုက်မှုကို အထူးကာကွယ်ပေးနိုင်တဲ့ Feature များ ထည့်သွင်းပေးထားပါတယ်။

Ghostery

 

 

Ghoestery ကတော့ Tracker များရဲ့ စောင့်ကြည့်နေမှုကို သတိပေးနိုင်သည့် Add on တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကစွမ်းဆောင်ချက်ကတော့ အင်တာနက်ပေါ်ရှိ Trace လိုက်သော ၀ဘ်ဆိုက်များကို Block ပြုလုပ်ပေးသည့် Add on တစ်ခု ဖြစ်ပါတယ်။ Web Browsing ပြုလုပ်နေစဉ်အတွင်း ၀ဘ်ဆိုဒ်တစ်ခုစီအတွက် လုံခြုံရေး အဆင့်အတန်းများကိုလည်း အရောင်များနှင့် ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.