ဟက်ကာများမှ အမေရိကန်ရှိ အကြီးဆုံး JPMorgan ဘဏ်ကို ပစ်မှတ်ထားလာ
Forbes သတင်းဌာနမှ ပြောကြားချက်အရ ဟက်ကာများဟာ အမေရိကန်နိုင်ငံအတွင်းရှိ JPMorgan ဘဏ်ကို တိုက်ခိုက်ရန်အတွက် ပစ်မှတ်ထားလာနိုင်ကြောင်း သိရှိရပါတယ်။
ထို့ပြင် JPMorgan ဘဏ်ဟာ အခြားဘဏ်များနှင့်လည်း ချိတ်ဆက်ကာ ဝန်ဆောင်မှုလုပ်ငန်းများ တွဲဖက် လုပ်ဆောင်လျက်ရှိတာကြောင့် The ဟက်ကာများမှ အာရုံစိုက်လာခြင်းဖြစ်ကြောင်း Wall Street Journal မှလည်း သုံးသပ် ပြောဆိုထားပါတယ်။
ယခုကဲ့သို့ JPMorgan ဘဏ်ဟာ အခြားဘဏ်ခွဲများနှင့် ပေါင်းစပ်လုပ်ကိုင်ခြင်းအားဖြင့် ဒီလို အခွဲဘဏ်များရဲ့ လုံခြုံရေးအားနည်းချက်မှ တဆင့် Malware များပို့လွှတ်ကာ တိုက်ခိုက်ခံရဖွယ်ရှိကြောင်း၊ ဒီလို JPMorgan ဘဏ်တိုက်ခိုက်ခံရတာနှင့်အမျှ အမေရိကန်အတွင်းရှိ အခြားနာမည်ကြီး ဘဏ်ငါးခုပါ တိုက်ခိုက်ခံရဖွယ်ရှိကြောင်း သတင်းဌာနများမှ ရေးသား ဖော်ပြထားပါတယ်။
ထို့ပြင် ဟက်ကာများဟာလည်း ဘဏ်လုပ်ငန်းများကို အဓိကထားတိုက်ခိုက်လာကြပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ဘဏ်လုပ်ငန်းများအတွင်းရှိ Credit Card Data သန်းပေါင်းများစွာ ခိုးယူတိုက်ခိုက်ခြင်းမျိုး ကြုံခဲ့ရဖူးကြောင်း cnet သတင်းဌာနမှာ ရေးသား ဖော်ပြထားပါတယ်။