အခမဲ့အသုံးပြုနိုင်သော ထိပ်တန်း Antivirus program များ

Written by S.N.O Published in 04 Jun 2014

1. Avast Free Antivirus

     Avast ကတော့ လူအများ ရင်းနှီးပြီးသား Antivirus software တစ်ခု ဖြစ်ပါတယ်။

Avast ဟာ အသုံးပြုရလွယ်ကူခြင်း၊ Virus များကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း အစရှိသည်တို့ကြောင့် လူအများ နှစ်ခြိုက်စွာ အသုံးပြုလျက်ရှိပါတယ်။

Avast ဟာ သင့်ကွန်ပျူတာအတွင်းမှ virus များ၊ malware များ၊ Trojans များကို ရှာဖွေပေးနိုင်ယုံသာမကပဲ Network မှတစ်ဆင့် ၀င်ရောက်လာခြင်း၊ Website များမှတစ်ဆင့် ထပ်မံဝင်ရောက်လာခြင်း စသည်တို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သင့်ကွန်ပျူတာအတွင်း နောက်ထပ် virus များ မ၀င်ရောက်နိုင်အောင်လည်း ကာကွယ်တားဆီးပေးမှာဖြစ်ပြီး update လုပ်ရာမှာလည်း လွယ်ကူအဆင်ပြေတာကြောင့် လူကြိုက်များသော Antivirus software တစ်ခု ဖြစ်ပါတယ်။

2. Avira AntiVir Personal - Free Antivirus

     လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှစတင်၍ အောင်မြင်လူသိများလာခဲ့တဲ့ Antivirus လေးတစ်ခု ဖြစ်ပါတယ်။

အသုံးပြုရလွယ်ကူပြီး automatic update စနစ် ပါဝင်တာကြောင့် user အများအပြား နှစ်သက်စွာ အသုံးပြုလျက်ရှိတဲ့ Program တစ်ခု ဖြစ်ပါတယ်။

Avira ဟာ ဖိုင် size သေးငယ်ပြီး ပေါ့ပါးလွယ်ကူတာကြောင့် မည်သည့်ကွန်ပျူတာနှင့်မဆို ကိုက်ညီမှုရှိပါတယ်။ နောက်ဆုံးထွက်တဲ့ version မှာတော့ antispyware protection စနစ် ထပ်မံထည့်သွင်းပေးထားပြီး Lock ဖိုင်များ၊ hidden ဖိုင်များအတွင်းရှိ virus များကိုပါ ရှာဖွေပေးနိုင်ပါတယ်။

အနောက်နိုင်ငံရှိ ဆော့ဖ်ဝဲသုတေသီတွေက Avira ဟာ အကောင်းဆုံးနှင့် လုံခြုံစိတ်ချမှုအရှိဆုံး antivirus software တစ်ခုလို့ သုံးသပ် ပြောဆိုခဲ့ကြပါတယ်။ Virus များအား Scan ဖတ်ရှာဖွေရာမှလည်း လွယ်ကူမြန်ဆန်ပြီး Scheduler အနေဖြင့်လည်း နေ့စဉ် Scan ပြုလုပ်ပေးရန် စေခိုင်းထားလို့ရပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.