အခမဲ့အသုံးပြုနိုင်သော ထိပ်တန်း Antivirus program များ (2)

Written by S.N.O Published in 05 Jun 2014

Malwarebytes Anti-Malware

      Malwarebytes Anti-Malware ဟာ အင်တာနက်မှတစ်ဆင့် အခမဲ့ download ရယူကာ အသုံးပြုနိုင်သော anti-malware tool တစ်ခု ဖြစ်ပါတယ်။

၎င်းဟာ malware များကို အလျင်မြန်ဆုံး ရှာဖွေပေးနိုင်ပြီး 10 မိနစ်အတွင်း ရှင်းလင်းပေးနိုင်ပါတယ်။ ထို့ပြင် အန္တရာယ်ရှိသော application များကိုပါ ရှာဖွေပေးနိုင်ပြီး အသုံးပြုသူအား သတိပေးချက်များ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

Malwarebytes Anti-Malware ရဲ့ နောက်ထပ် အားသာချက်တစ်ရပ်ကတော့ multiple drive အနေဖြင့် တစ်ပြိုင်နက် Scan ပြုလုပ်နိုင်ခြင်းဖြစ်ပြီး Lock ဖိုင်များအတွင်း ကပ်ညှိနေသော malware များကိုပါ ရှာဖွေပေးနိုင်ပါတယ်။

ဆော့ဖ်ဝဲရဲ့ Interface မှာ ရှင်းလင်းလွယ်ကူတာကြောင့် မည်သူမဆို အခက်အခဲမရှိ အသုံးပြုနိုင်ပြီး update ပြုလုပ်ရာမှာလည်း လွယ်ကူတာကြောင့် အကောင်းဆုံး Antimalware application တစ်ခုလို့် ဆိုနိုင်မှာ ဖြစ်ပါတယ်။

 

 

ThreatFire AntiVirus Free Edition

     ThreatFire AntiVirus ဟာ malware နှင့် virus များကို ရှင်းလင်းပေးနိုင်သည့် Freeware tool တစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ malicious code များကိုပါ ရှင်းလင်းပေးနိုင်ပြီး နောက်ထပ် မ၀င်ရောက်နိုင်အောင်လည်း ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။

ThreatFire ဟာ virus အမျိုးမျိုးကို တားဆီး ကာကွယ်ပေးနိုင်သည့် Program တစ်ခုဖြစ်ပြီး Trojans, Spyware , Adware များအပြင် Keylogger များကိုပါ ရှာဖွေပေးနိုင်ပါတယ်။

Real-Time Protection အနေဖြင့် အသုံးပြုရာမှာလည်း ကွန်ပျူတာအား နှေးသွားခြင်း၊ စွမ်းဆောင်ရည် ကျဆင်းသွားခြင်းများ မရှိစေပဲ အချိန်ပြည့် ကွန်ပျူတာအား စောင့်ကြပ်ကြည့်ရှုကာကွယ်နေမှာ ဖြစ်ပါတယ်။

 

 

AVG LinkScanner

AVG LinkScanner ကတော့ အွန်လိုင်းအသုံးပြုရာမှတစ်ဆင့် virus များ ၀င်ရောက်လာခြင်း၊ malware နှင့် အခြား malicious code များ ၀င်ရောက်လာခြင်း တို့ကို တားဆီးပေးမည့် Firefox plug-in တစ်မျိုး ဖြစ်ပါတယ်။

AVG LinkScanner အား Firefox အတွင်း အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်ပြီး Internet Explorer နှင့်လဲ တွဲဖက် အသုံးပြုနိုင်ပါတယ်။

AVG LinkScanner ဟာ Search Engine များ အသုံးပြု၍ ရှာဖွေရာတွင် အန္တရာယ်ရှိတဲ့ ၀က်ဘ်ဆိုက်များအား သတိပေးဖော်ပြမှာဖြစ်ပြီး Link များကိုလည်း Scan ပြုလုပ်ကာ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ တကယ်လို့ Search Engine မှ ရှာဖွေဖော်ပြပေးလိုက်တဲ့ Link တစ်ခုဟာ virus များ ပါဝင်လာဖွယ်ရှိပါက အနီရောင် Flag နှင့် သတိပေး ဖော်ပြနေမှာ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.