အင်တာနက် အသုံးပြုသူများအတွက် Password Manager ဆော့ဖ်ဝဲ

Written by S.N.O Published in 18 Sep 2014

ဒီ Password Manager ဆောဖ့်ဝဲလေးကတော့ နေ့စဉ် အင်တာနက် အသုံးပြုသူများအတွက် ဝဘ်ဆိုက်ပေါင်းမြောက်များစွာမှ Password များစွာကို မှတ်သားထားပေးနိုင်တဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။

Password Manager ဟာ ဝဘ်ဆိုက်များအတွင်း Log in ဝင်သော Password များကို ဝဘ်ဆိုက်လိပ်စာနှင့် ယှဉ်တွဲမှတ်သားထားပေးမှာဖြစ်ပြီး Password တူညီစွာ အသုံးပြုတဲ့အခါမှာလည်း သတိပေးဖော်ပြချက်များက  ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

 

 

Password Manager ဟာ Encrypted Database ကို အသုံးပြုထားတာကြောင့် လုံခြုံစိတ်ချရတဲ့ ဆောဖ့်ဝဲတစ်မျိုး ဖြစ်ပါတယ်။ Password များအပြင် Log in information များကိုပါ ပူးတွဲမှတ်သားထားပေးမှာ ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်အသုံးပြုပြီး ဝဘ်ဆိုက်များအတွင်းသို့ log in ဝင်ရာမှာ Password များနှင့် အသုံးပြုသော ဝဘ်ဆိုက်လိပ်စာများကို မှတ်သားထားမှာဖြစ်ပါတယ်။

Password Manager ကို အသုံးပြုရန်အတွက်ကတော့ Master Password တစ်ခု ထားရှိရမှာ ဖြစ်ပါတယ်။ ဒီလို Master Password ကို မှန်ကန်စွာ ရိုက်ထည့်နိုင်မှသာလျှင် သင် Save လုပ်ထားသော Password များကို ပြန်လည်ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Password Manager ဟာ လုံခြုံရေးအဆင့်အတန်း အတော်လေး မြင့်မားတဲ့ ဆောဖ့်ဝဲတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Master Password ကို မေ့သွားတာနဲ့ အခြားသော Password အားလုံးကို ပြန်လည် ကြည့်ရှုလို့ရတော့မှာ မဟုတ်ပါဘူး။

 

 

 Password Manager ကို ကွန်ပျူတာအတွင်း Install ပြုလုပ်ထားခြင်းအားဖြင့် သင်နေ့စဉ်အသုံးပြုသော ဝဘ်ဆိုက်များသို့ ရောက်ပါက User Name နဲ့ Password ကို တစ်ခါတည်း ပူးတွဲထည့်သွင်းပေးမှာ ဖြစ်တာကြောင့် Log in ဝင်ပြီး Website အများအပြားကို အသုံးပြုနေသူတွေအတွက် သင့်တော်တဲ့ ဆောဖ့်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.