အင်တာနက် အခြေပြု လုံခြုံရေးစနစ်သစ်ကို စတင်ခဲ့သော SST ကုမ္ပဏီ

Written by S.N.O Published in 31 Jul 2014

(SST) ကုမ္ပဏီကို လွန်ခဲ့တဲ့ 1995 ခုနှစ် ၀န်းကျင်တွင် စတင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီ၏ အဓိကဆောင်ရွက်ချက်မှာ ရာဇ၀တ်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ဖေါ်ထုတ်ရန် ဖြစ်ပါတယ်။

ယခုအခါမှာတော့ SST ကုမ္ပဏီ ဟာ အင်တာနက် အခြေပြု အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ထုတ်နိုင်သော စနစ်ကို စတင်အသုံးပြု၍ ကမ္ဘာအနှံ့ရှိ သေနတ်ပစ်ခတ်မှုများ၊ အကြမ်းဖက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

 

SST ရဲ့ အင်တာနက် အခြေပြု စုံစမ်းထောက်လှမ်းမှုဟာ နည်းပညာပိုင်းဆိုင်ရာအရ အလွန်အဆင့်အတန်းမြင့်သော ကွန်ပျူတာပညာရပ်များကို အခြေခံအသုံးပြုထားပြီး ၎င်းတွင် စွမ်းရည်သုံးစွဲမှုနည်းပြီး စွမ်းဆောင်ရည်မြင့် Chip အများအပြားကို ထည့်သွင်း အသုံးပြုထားတဲ့ ကွန်ပျူတာစနစ်များ ပါဝင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

SST အနေဖြင့် ရုံးခန်းအတွင်းမှတစ်ဆင့် စုံစမ်းထောက်လှမ်းမှုများစွာကို ပြုလုပ်နိုင်လာပြီး ၎င်းမှာ တစ်မိုင်ပတ်လည်တွင် Sensor ပေါင်း 15 ခု မှ 20 ခု အထိ တပ်ဆင်ရန် လိုအပ်ကြောင်း ရှင်းလင်း ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် လုံခြုံရေးနယ်မြေများမှာ ဒီနည်းပညာရပ်ကို အသုံးပြုသွားမှာဖြစ်ပြီး သေနပ်ပစ်ခတ်မှုများကိုလည်း နေရာတိကျစွာ ဖော်ပြပေးသွားမှာဖြစ်သလို ကျည်ဆန်လာရာ နေရာအကွာအဝေးကိုပါ တိုင်းတာ တွက်ချက်ပေးသွားမှာ ဖြစ်ပါတယ်။

SST မှ ၎င်းနည်းပညာရပ်အား ShotSpotter လို့ ခေါ်ဆိုထားပြီး နောက်ပိုင်းမှာတော့ နိုင်ငံအများအပြားမှာပါ အသုံးပြုနိုင်စေရန် စီစဉ် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.