အစ္စရေးမှ၎င်း စစ်တပ်ရဲ့ Twitter အကောင့်များ ခိုးယူခံရကြောင်း စွပ်စွဲပြောဆို

Written by S.N.O Published in 18 Jul 2014


    အစ္စရေးနှင့် ပါလစ်စတိုင်းဟာ နှစ်နိုင်ငံစစ်ပွဲများစွာ ဖြစ်ပွားခဲ့သလို ယခုအချိန်မှာတော့ မြေပြင်စစ်ပွဲများအပြင် ဆိုက်ဘာ စစ်ပွဲများပါ စတင်လာခဲ့ပါပြီ။ အစ္စရေးနိုင်ငံမှ ၎င်းရဲ့ စစ်တပ်အတွင်း စစ်သားများရဲ့ Twitter အကောင့်များအား ပါလစ်စတိုင်းမှ ခိုးယူသွားခဲ့ကြောင်း စွပ်စွဲပြောဆိုရာမှ ယခုကဲ့သို့ ဆိုက်ဘာစစ်ပွဲများ စတင်လာခဲ့ပါတယ်။

အစ္စရေးရဲ့ပြောကြားချက်အရ နှစ်နိုင်ငံအကြား ပိုမိုတင်းမာမှုများ ဖြစ်ပွားခဲ့သလို နှစ်နိုင်ငံအတွင်း မကျေနပ်မှုများကိုလည်း ကြီးထွားလာစေခဲ့ပါတယ်။

    ယခုကဲ့သို့ သတင်းထွက်ပေါ်လာရခြင်းဟာ အစ္စရေးနိုင်ငံရဲ့ ကာကွယ်ရေးစစ်ကြောင်းရှိ စစ်သားများရဲ့ Twitter အကောင့်များကို ပါလစ်စတိုင်းရှိ ဟက်ကာများမှ ခိုးယူသွားကြောင်း စွပ်စွဲပြောဆိုရာမှ စတင်လာခဲ့ပါတယ်။ ဒါပေမယ့် ယခုကဲ့သိုပြောဆိုချက်ဟာ စွပ်စွဲပြောဆိုချက်တစ်ရပ်သာဖြစ်ပြီး အစ္စရေးအနေဖြင့် ဒါဟာ Twitter စာမျက်နှာမှာ မှားယွင်းစွာ ရေးသားဖော်ပြခြင်း တစ်ရပ်သာဖြစ်ကြောင်း ၊ စွပ်စွဲပြောဆိုမှုနှင့်ပတ်သက်ပြီး အနူးအညွတ်တောင်း ပန်ကြောင်း ထပ်မံရေးသား ဖော်ပြထားပါတယ်။

ထိုသို့မှားယွင်းပြောဆိုမှုကြောင့် ဆိုက်ဘာအမြင်မှ ကြည့်မယ်ဆိုလျှင် ဒါဟာ ဆိုက်ဘာ စစ်ပွဲတစ်ရပ် ဖြစ်လာနိုင်စရာ အကြောင်းကိစ္စတစ်ရပ်ဖြစ်ကြောင်း ၊ သတင်းဌာနများမှ ဝေဖန်သုံးသပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်အတွင်း နှစ်နိုင်ငံအကြား မကျေနပ်မှုများစွာမှစတင်၍ စစ်ပွဲများ များစွာဖြစ်ပွားလာခဲ့ရာမှ ယခုအချိန်မှာ အွန်လိုင်းအခြေပြုတိုက်ခိုက်မှုများ စတင်ရန် အကြောင်းဖန်လာပြီဖြစ်ကြောင်းလည်း သတင်းဌာနများမှ ရေးသားဖော်ပြထားပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.