အသုံးများသော Firefox Shortcut 10 မျိုး
နေ့စဉ် အင်တာနက်အသုံးပြုခြင်း၊ ၀ဘ်ဆိုက်များ ကြည့်ရှုခြင်းများအတွက် ကွန်ပျူတာမှာ Browser တစ်ခု လိုအပ်ပါတယ်။ ဒီလို Browser ကို အသုံးပြုရာမှာ ကျွန်တော်တို့နိုင်ငံမှာတော့ Mozilla Firefox ဟာ လူသုံးများတဲ့ Browser တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်အသုံးပြုရာမှာ ပိုမို မြန်ဆန်စေရန်နှင့် Mozilla Firefox ရဲ့ Shortcut များကို သိရှိနားလည်စေရန် ဒီသင်ခန်းစာလေးကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
1. Ctrl+T (or) Middle - Click
Mozilla Firefox မှာ Ctrl+ T ကို တွဲနှိပ်ခြင်းအားဖြင့် New Tab တစ်ခုကို ရရှိစေပါတယ်။ အင်တာနက် အသုံးပြုရာမှာ သာမန် Tab တစ်ခုတည်း တင်မကပဲ အခြား Tab များစွာကို လွယ်လွယ်ကူကူ ခေါ်ယူ အသုံးပြုနိုင်စေရန် ဒီ shortcut လေးကို ကျက်မှတ်ထားသင့်ပါတယ်။
2. Ctrl+Shift+T
Ctrl+ Shift + T ကတော့ မှားပိတ်မိတဲ့ Tab များကို ပြန်လည် ခေါ်ယူလိုတဲ့အခါမှာ အသုံးပြုပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ Undo Close Tab ဖြစ်ပါတယ်။ ဒီလို Ctrl+Shift+ T ကို အကြိမ်ကြိမ် နှိပ်ခြင်းအားဖြင့် ပိတ်မိသော Tab များကို ပြန်လည်ဖွင့်နိုင်ပါတယ်။
3. F6
F6 ကတော့ URL Address bar ကို သွားလိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ F6 ကို နှိပ်ပြီး သင်ဆက်လက်အသုံးပြုလိုတဲ့ website address ကို အလွယ်တကူ ရိုက်ထည့် အသုံးပြုနိုင်ပါတယ်။
4. Ctrl+F
Ctrl+ F ကတော့ Find Feature ဖြစ်ပါတယ်။ ၀ဘ်ဆိုဒ် စာမျက်နှာတစ်ခုအတွင်းရှိ စာသားများကို အလွယ်တကူ ရှာဖွေနိုင်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။
Ctrl+F ကို နှိပ်လိုက်ပါက ၀ဘ် Browser ရဲ့ အောက်ခြေမှာ Find ဆိုသည့် အကွက်လေး ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကွက်လေးအတွင်း သင်ရှာဖွေလိုသော စာသားကို ရိုက်ထည့်ကာ ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နိုင်ပါတယ်။
5. Ctrl+W
Ctrl+W ကတော့ Tab များကို Close လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။
6. Ctrl+Tab
ဒီ Shortcut ကတော့ Tab တစ်ခုနှင့် တစ်ခုအကြား ကူးပြောင်းရန် ဖြစ်ပါတယ်။ Ctrl+Tab ဟာ Tab များကို ရှေ့သို့ သွားတာဖြစ်ပြီး Ctrl+Shift+Tab ကတော့ Tab များကို နောက်ပြန်သွားတာ ဖြစ်ပါတယ်။
7. Ctrl+D
ဒါကတော့ Bookmark ပြုလုပ်ရန် ဖြစ်ပါတယ်။ နှစ်သက်ရာ ၀ဘ်စာမျက်နှာများကို အလွယ်တကူ Bookmark ပြုလုပ်နိုင်ပါတယ်။
8. Ctrl+(+) , Ctrl+ (- ) , Ctrl + 0
Control key နှင့် အပေါင်း (+) ကို တွဲနှိပ်ခြင်းအားဖြင့် Font အရွယ်အစားကို ကြီးမားလာစေပါတယ်။ တကယ်လို့ Font အရွယ်အစားကို ပြန်သေးချင်တယ်ဆိုရင်တော့ Ctrl+ အနှုတ် (- ) ကို ပြန်နှိပ်နိုင်ပါတယ်။ တကယ်လို့ မူရင်း Font အရွယ်အစားကို ပြန်သွားချင်တယ်ဆိုရင်တော့ Ctrl + 0 ကို တွဲနှိပ်လိုက်ပြီး Dafault Font Size ကို ပြန်သွားနိုင်ပါတယ်။
9. F 11
F 11 ကတော့ Web Browser ရဲ့ မြင်ကွင်းကို Full Screen အနေဖြင့် ဖော်ပြပေးမည့် မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ အချို့သော ၀ဘ်ဆိုက်များကို Screen အပြည့်အနေဖြင့် ကြည့်ရှုချင်တဲ့အခါမှာ ဒီ Shortcut ကို အသုံးပြုနိုင်ပါတယ်။
10. Ctrl+J
Firefox မှာ Download ဆွဲထားသော Document များကို ပြသပေးသည့် Download Manager Window ကို ကြည့်ရှုချင်တဲ့အခါမှာ ဒီ Shortcut ကို အသုံးပြုနိုင်ပါတယ်။