အကောင်းဆုံး Android Reader Application ဖြစ်သည့် Aldiko Book Reader
တစ်ခါတစ်ရံမှာ သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်များကို သွားလေရာသို့ ယူသွားလို့မရပါဘူး။ ဒီလိုအခြေအနေမျိုးမှာ စာဖတ်ရန်အတွက် မိမိ အသုံးပြုနေကျ မိုဘိုင်းဖုန်း, iPad , Tablet များကို အားကိုးပြီး စာဖတ်လေ့ ရှိပါတယ်။
ဒီလို မိုဘိုင်းဖုန်း၊ Tablet များအတွင်း စာဖတ်နိုင်သော Application များစွာ ရှိတာကြောင့် ဘယ် Application ကို ရွေးချယ် အသုံးပြုရမယ် ဆိုတာကို ဒွိဟ ဖြစ်နေတတ်ပါတယ်။
ယခု ဖေါ်ပြပေးလိုက်တဲ့ Application လေးကတော့ PC World မှ စစ်တမ်း ကောက်ယူချက်အရ အကောင်းဆုံးနှင့် လွယ်ကူ အဆင်ပြေဆုံး Android Application ဖြစ်ပါတယ်။ ဒီ Application လေးတွေကို Samsung မှ ၎င်းရဲ့ Galaxy Note II အတွင်းမှာ ထည့်သွင်း အသုံးပြုထားပါတယ်။
Aldiko Book Reader
Alidiko Book Reader ကတော့ အကောင်းဆုံး e-reader လို့ ဆိုနိုင်သည့် Application လေးတစ်ခု ဖြစ်ပါတယ်။
Alidiko မှာ စာအုပ်များ ဖတ်ခြင်းအပြင် Feedbooks မှတစ်ဆင့် အသစ်ထွက်သော စာအုပ်များကို တိုက်ရိုက် ဝယ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားပါတယ်။
Alidiko ဟာ Ebook ဖိုင် အများအပြားကို Support လုပ်နိုင်ယုံသာမကပဲ ePub ဖိုင်များကိုပါ အလွယ်တကူ ဖတ်ရှုနိုင်တာကို တွေ့ရပါတယ်။ Aldiko ရဲ့ အသွင်အပြင်ဟာ တကယ့်ကို စာအုပ်စင်ကဲ့သို့ ပြုလုပ်ပေးထားခြင်းဟာလည်း သူ့ရဲ့ အားသာချက် တစ်ရပ် ဖြစ်ပါတယ်။
အခြား ထပ်မံပါဝင်တဲ့ Feature တွေကတော့ စာဖတ်နေရင်း နှစ်သက်ရာ စာအုပ်များကို Bookmark ပြုလုပ်ထားနိုင်ခြင်း၊ စာအုပ်ထဲမှ စာသားများကို အလွယ်တကူ ရှာဖွေပေးနိုင်သည့် Search Feature ကို ထည့်သွင်းပေးထားခြင်း၊ အဖတ်များတဲ့ စာအုပ်များကို မှတ်သားပေးထားနိုင်ခြင်း၊ စာအုပ် အမျိုးအစားများ ခွဲခြား သတ်မှတ်ထားနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။