အမေရိကန်ရှိ Broadband အင်တာနက် အမြန်နှုန်းများ
လက်ရှိ အမေရိကန်နိုင်ငံ အတွင်းရှိ အင်တာနက် အမြန်နှုန်းမှာ 13.7 Megabits Per Second အထိရှိပြီး အမေရိကန် တောင်ပိုင်းဒေသများမှာတော့ မြန်နှုန်းမြင့် Broadband Service များကို ထပ်မံတိုးချဲ့သွားမှာ ဖြစ်ကြောင်း ၎င်းနိုင်ငံမှ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံအတွင်း ဒေသအလိုက် အင်တာနက် အမြန်နှုန်းများ ကွဲပြားလျှက်ရှိပြီး ဗာဂျီးနီးယားမှာဆိုရင် အင်တာနက် Speed အမြန်ဆုံးရရှိသည့် ဒေသ ဖြစ်ကြောင်း သတင်းဌာနများမှ ဖော်ပြထားပါတယ်။
လက်ရှိ ဗာဂျီးနီးယား မှာဆိုရင် အင်တာနက် Speed ဟာ 13.7 Megabits Per Second ရှိပြီး ဒေသတွင်း အမြန်ဆုံး အင်တာနက် အသုံးပြုနိုင်သည့် ဒေသ ဖြစ်ကြောင်း Broadview Networks မှ စစ်တမ်းကောက်ယူချက်အရ သိရှိရပါတယ်။
အလာစကာ မှာတော့ 7 Mbps ရှိပြီး စီလီကွန်တောင်ကြားဒေသ ဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ 10.9 Mbps အထိရှိကြောင်း သိရပါတယ်။ Broadview Networks မှ ဒေသအလိုက် အင်တာနက်အမြန်နှုန်းများကို စစ်တမ်းကောက်ယူခဲ့ပြီး နောက် ၎င်း စစ်တမ်းများကို မြေပုံအနေဖြင့် ပြန်လည်ဖော်ပြပေးထားပါတယ်။
အဓိက အချက်ကတော့ ၎င်း ဒေသတွင်း Cloud Service ကို အသုံးပြုသူဦးရေ တစ်နေ့တစ်ခြား များပြားလာပြီး အင်တာနက် အမြန်နှုန်းဟာလည်း Cloud Service ကို အသုံးပြုစေရန် အဓိက အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ Cloud Service ကို အသုံးပြုမယ်ဆိုရင် အင်တာနက် အမြန်နှုန်းဟာ 4 Mbps အနည်းဆုံးရှိရန်လည်း လိုအပ်ကြောင်း Broadview မှ ပြောကြားခဲ့ပါတယ်။
ဒီလို အင်တာနက် အမြန်နှုန်းများ ပိုမိုကောင်းမွန်လာရခြင်းမှာ မြန်နှုန်းမြင့် Broadband Service များကြောင့် ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်များနှင့် နှိုင်းယှဉ်မယ်ဆိုရင် ရာခိုင်နှုန်း 90 လောက် ပိုမို မြန်ဆန်လာကြောင်း သိရပါတယ်။
ဒါပေမယ့် အမေရိကန်ဒေသအတွင်းရှိ Broadband Service များရဲ့ အမြန်နှုန်းဟာ တောင်ကိုရီးယားနိုင်ငံနှင့် နှိုင်းယှဉ်လျှင် နှိမ့်ကျနေသေးကြောင်း တောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက် အမြန်နှုန်းဟာ 23.6 Mbps အထိရှိကြောင်း ပြောကြားသွားပါတယ်။
ထို့ပြင် ဂျပန်နိုင်ငံအတွင်းမှာဆိုရင် လည်း အင်တာနက် အမြန်နှုန်းဟာ 14.6 Mbps အထိရှိပြီး အမေရိကန်ရဲ့ အင်တာနက် အမြန်နှုန်းဟာ ရာခိုင်နှုန်းအားဖြင့် ခြုံကြည့်မယ်ဆိုရင် 10.5 Mbps သာရှိသေးကြောင်း Akamai မှ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။