ဥရောပ ဗဟိုဘဏ်အတွင်းရှိ Personal Data များ ခိုးယူခံရ
ဥရောပနိုင်ငံအတွင်းရှိ ဗဟိုဘဏ် European Central Bank (ECB) မှ ၀န်ခံ ပြောကြားချက်အရ ၎င်းဘဏ် အတွင်းရှိ လုံခြုံရေး အားနည်းသော ကွန်ယက်တစ်ခုမှတစ်ဆင့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ ခိုးယူခံခဲ့ရကြောင်း သိရပါတယ်။
၎င်းဘဏ်ရဲ့ database ဟာ သူ့ရဲ့ Website နှင့် ချိတ်ဆက်ထားတာကြောင့် ဟက်ကာများမှ ယခုကဲ့သို့ လွယ်ကူစွာ ကိုယ်ရေးအချက်အလက်များကို ခိုးယူသွားခြင်း ဖြစ်ကြောင်းလည်း ကြေညာပြောဆိုထားပါတယ်။
ECB ရဲ့ ခိုးယူခံရသော ကိုယ်ရေးအချက်အလက်များတွင် User များ Register ပြုလုပ်ထားသော ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ ပါဝင်သွားကြောင်း၊ ဟက်ကာများ အနေဖြင့် Database အတွင်းရှိ Data အတော်များများကို ခိုးယူသွားခဲ့ကြောင်း၊ အထူးသဖြင့် ဖုန်းနံပါတ်များ၊ လိပ်စာများ၊ E-mail လိပ်စာများကို ခိုးယူရရှိသွားခြင်းဟာ အတော်လေး ဆိုးရွားတဲ့ ခိုးယူမှုဖြစ်ကြောင်း သတင်းဌာနများမှ ထုတ်ပြန်ပြောကြားထားပါတယ်။
ECB ရဲ့ ထုတ်ပြန်ချက်အရ ၎င်းတို့ အနေဖြင့် များသောအားဖြင့် Data များကို Encrypted ပြုလုပ်ကာ သိမ်းဆည်းထားကြောင်း Contact Information နှင့် Register ပြုလုပ်ထားသော အချက်အလက်များကိုတော့ Encrypted ပြုလုပ်ထားခြင်း မရှိကြောင်း၊ ခန့်မှန်းခြေ E mail လိပ်စာပေါင်း 20 , 000 (နှစ်သောင်း) ကျော်ကို ခိုးယူခံခဲ့ရကြောင်း သိရပါတယ်။
ယခုကဲ့သို့ ခိုးယူခံရခြင်းမှာ အမည်မသိ E mail လိပ်စာတစ်ခုမှ ECB သို့ ငွေတောင်းခံလွှာ တစ်ခုကို ငွေလွှဲပြောင်းခြင်းကြောင့် တောင်းဆိုခဲ့ရာမှ စတင်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိ ECB အနေဖြင့် Password များ ပြောင်းလဲခြင်း၊ အသိပေးထုတ်ပြန်ချက်များ ပို့လွှတ်ခြင်း၊ ကွန်ယက်အတွင်းရှိ အားနည်းချက်များကို ပြုပြင်ခြင်း စတာတွေကို အလျင်အမြန် လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။