ဈေးနှုန်း သင့်တင့်ပြီး စွမ်းဆောင်ရည်မြင့် Smart Phone များ

Written by S.N.O Published in 08 Jul 2014

    ဒီတစ်ခါ ရွေးချယ်ဖော်ပြပေးလိုက်တာကတော့ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်သည့် ထိပ်တန်း စမတ်ဖုန်းများဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းများဟာ မိုဘိုင်းစစ်တမ်းများအရ လူကြိုက်အများဆုံးနှင့် ဈေးနှုန်းသက်သာသော စမတ်ဖုန်းများဖြစ်ပါတယ်။

1. LG Optimus L90
    LG ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်မျိုးဖြစ်ပြီး ၎င်းကို ယခုနှစ် ဇွန်လ အတွင်းမှာ ဈေးကွက်အတွင်း စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ LG Optimus အကြမ်းခံပြီး ဆွဲဆောင်မှုရှိတဲ့ Body နဲ့ပြုလုပ်ထားပါတယ်။ သူ့ရဲ့ 2,460 mAh ဘက်ထရီဟာလည်း 16 နာရီကျော်မျှ ဗီဒီယိုဖိုင်များကို ကြည့်ရှုနိုင်လောက်အောင် ဘက်ထရီသက်တမ်း ကောင်းမွန်ပါတယ်။

ဒါကြောင့် သီချင်း ၊ ဗီဒီယို ကြိုက်နှစ်သက်သူတွေ အနေဖြင့် LG Optimus ဟာ အဆင်ပြေပြေ အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ စကရင်အရွယ်အစားကတော့ 4.7 လက်မအရွယ်ဖြစ်ပြီး စကရင်ကို လက်သည်း အစင်းရာများ ထင်မကျန်ခဲ့စေရန်အတွက် အကောင်းစား Coat တစ်မျိုးနှင့် ကာဗာပြုလုပ်ပေး ထားပါတယ်။

 

 

2. Samsung Galaxy Light
    Samsung Galaxy Light ဟာလည်း ဈေးနှုန်းသင့်တင်သော စမတ်ဖုန်းအမျိုးအစား ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီ လအတွင်းမှ စတင်ပြီးဈေးကွက်အတွင်း ထွက်ရှိလာတဲ့ စမတ်ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ Samsung Galaxy Light ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ 240 ၀န်းကျင်သာရှိတာကြောင့် ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်း တစ်မျိုး လို့ဆိုနိုင်ပါတယ်။

Samsung Galaxy စမတ်ဖုန်းဟာ 4 G LTE ကွန်ယက်ကို အထောက်အပံ့ပေးနိုင်တာကြောင့် လိုင်းဆွဲအား အတော်လေးကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ မြန်နှုန်းမြင့် 1.4 GHz Quad- Core Processor ဟာလည်း သုံးစွဲသူများကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပြီး ဗီဒီယိုရိုက်ကူးခြင်းနှင့် နောက်ဆုံးပေါ်ဂိမ်းများ ဆော့ကစားလိုသူတွေ အနေဖြင့် အသုံးပြုရန် သင့်တော်တဲ့အမျိုးအစား ဖြစ်ပါတယ်။

Galaxy Light မှာ ထည့်သွင်းအသုံးပြုထားတဲ့ စကရင်ကတော့ Smart Screen အမျိုးအစားဖြစ်တာကြောင့် Hand Gesture လက်အမူအရာများဖြင့် ထိန်းချုပ်ခြင်းကို Support လုပ်နိုင်ပါတယ်။

 

 

3. ZTE Boost Warp 4G
    ZTE ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်မျိုး ဖြစ်ပါတယ်။ ၎င်းကို လွန်ခဲ့တဲ့ 2013 ခုနှစ် အောက်တိုဘာလအတွင်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းဟာလည်း ZTE ရဲ့ ရောင်းအားကောင်းတဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ 149 ခန့်သာကျသင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်းသက်သာပြီး နောက်ဆုံးပေါ် စမတ်ဖုန်းအသုံးပြုလိုသူတွေအနေဖြင့် ရွေးချယ်ဝယ်ယူသင့်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

ZTE Boost ဟာလည်း 4 G အမျိုးအစားဖြစ်တာကြောင့် လိုင်းဆွဲအားဟာ Samsung Galaxy ကဲ့သို့ အထူးကောင်းမွန်ပါတယ်။ သူ့မှာ 8 megapixel ကင်မရာတပ်ဆင်ထားပြီး ဓါတ်ပုံရိုက်ကူးခြင်းအတွက် အတော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။

သူ့ရဲ့ Snapdragon 400 Processor ဟာလည်း အတော်လေး မြန်နှုန်းမြင့်တဲ့ နာမည်ကြီး Processor တစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် ZTE ရဲ့ Performance ဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ သူ့မှာတပ်ဆင်အသုံးပြုထားတဲ့ ဘက်ထရီကတော့ 2070 mAh ဘက်ထရီ အမျိုးအစားဖြစ်ပြီး ဗီဒီယို များကို တောက်လျှောက်ကြည့်ရှုနေမည်ဆိုပါက 9 နာရီကျော်ကြာ ဘက်ထရီသက်တမ်းခံနိုင်ရည် ရှိပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.