လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်မည့် ပိုစတာ

Written by S.N.O Published in 17 May 2014

Nano Technology နှင့် အထူးစီမံပြုလုပ်ထားတဲ့ ပိုစတာ တစ်ခုဟာ လေထုညစ်ညမ်းခြင်းကို အထူး လျှော့ချပေးနိုင်ကြောင်း ၎င်းနည်းပညာဟာ လေထု သန့်စင်စေရန် အတွက် ရည်ရွယ်ပြီး စီမံပြုလုပ်ထားသော နည်းပညာသစ်တစ်ရပ် ဖြစ်ကြောင်း သိရှိရပါသည် ။

          ဒီနည်းပညာဟာ ကဗျာပညာရှင်များနှင့် အင်္ဂလန်နိုင်ငံ Sheffield တက္ကသိုလ်မှ သိပ္ပံပညာရှင်များ ပူးပေါင်းကာ စမ်းသပ်တည်ထွင်လိုက်သည့် နည်းပညာရပ် အသစ်ဖြစ်ပါတယ်။ အဓိက အားဖြင့်တော့ လေထုညစ်ညမ်းမှုကို လျှော့ချ ရန်နှင့် တက္ကသိုလ်ကျောင်းပရဝဏ်အတွင်း လေသန့်စင်ရန်အတွက် ဖြစ်ပါတယ်။

           ယခုနည်းပညာရပ် ကို ကမ္ဘာ့ပထမဆုံး လေထုညစ်ညမ်းမှုကို လျှော့ပေးနိုင်သည့် နည်းပညာရပ်တစ်ခုဟု ဆိုထားပါတယ်။ ယခုနည်းပညာရပ်တွင် 65 ပေမျှရှည်လျှားသော ပိုစတာ တစ်ခုအား Nano နည်းပညာများ ပေါင်းစပ်ထားပြီး ၎င်းပိုစတာတွင် ကဗျာ တစ်ပုဒ်ရေးသားထား ပါတယ်။ ၎င်း ပိုစတာကို တက္ကသိုလ်ကျောင်း ၀န်းအတွင်း ချိတ်ဆွဲထားပြီး ၎င်းပိုစတာကို အခြားသော Material များနှင့် ပေါင်းစပ်ဖန်တီးထားပါတယ်။

ဒါဟာ နောက်ဆုံးပေါ် Nano နည်းပညာရပ် အသစ်ဖြစ်ပြီး ၎င်းတွင် Nitrogen Oxide Pollutants (နိုက်ထရိုဂျင် အောက်ဆိုက်) ပါဝင်ပါတယ်။

          Nano နည်းပညာရပ်ဖြင့် ပြုလုပ်ဖန်တီးထားသည့် ပိုစတာတွင် ကဗျာဆရာ Simon Armitage မှ ကဗျာတစ်ပုဒ်ရေးသားထားပြီး ခေါင်းစဉ်ကိုတော့ In Praise of Air (လေထုကို ဂုဏ်ပြုချီးမွမ်းခြင်း) ဟု အမည်ပေးထားပါတယ်။ Nano နည်းပညာရပ်ကို တီထွင်ဖန်တီးသူတစ်ဦး ဖြစ်သည့် ပရော်ဖက်ဆာ Tony Ryan ကတော့ ဒီနည်းပညာရပ်ဟာ နေ့စဉ် ကား အစီး 20 ခန့်မှ စွန့်ထုတ်လိုက်သော လေထုညစ်ညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ယခုကဲ့သို့ Poster တစ်ခု ကို တက္ကသိုလ် ကျောင်းဝန်းအတွင်း တည်ထားချိတ်ဆွဲထားရုံမျှ ဖြင့် လေထုညစ်ညမ်းမှုကို သိသိသာသာ လျှော့ကျမသွားစေနိုင်ပါဘူး ။ ၎င်းကဲ့သို့သော Poster အများအပြား ပေါ်ပေါက်လာမည်ဆိုပါက လေထု ညစ်ညမ်းမှုကို အထူးကာကွယ်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပရောဖက်ဆာ Ryan ဟာ ယခုမှ Nano နည်းပညာရပ်ကို စတင်စမ်းသပ်တီထွင်ခဲ့ခြင်းမဟုတ်ပဲ ယခင် လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့် Laundry Detergent အ၀တ်လျှော်ဆပ်ပြာမှုန့် ကိုလည်း တီထွင်ထားခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ယခုကဲ့သို့ Poster နည်းပညာရပ် အသစ်နှင့် ထပ်လောင်းပေါင်းစပ်ကာ အသုံးပြုသွားပါက လေထုညစ်ညမ်းမှု ကို အတော်လေးလျှော့ကျသွားစေနိုင်ပြီး လူအများအတွက် ကျန်းမာရေးကိုလည်း လွန်စွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.