လေ့ကျင့်ခန်းပြုလုပ်သူတွေ အတွက် ဘက်စုံ သုံးနိုင်သည့် Fitness gadget

Written by S.N.O Published in 21 May 2014

        နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်သူတွေအတွက် အဖက်ဖက်မှ အထောက်အကူပြုနိုင်ပြီး ဘက်စုံအသုံးပြုနိုင်မည့် Gadget လေး တစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Gadget လေးကိုတော့ Nike မှ ထုတ်လုပ်ထားတာဖြစ်ပြီး လေ့ကျင့်ခန်းပြုလုပ်သူများအတွက် Fitness Software ထည့်သွင်းထားပါတယ်။

ထို့အပြင် လက်ပတ်နာရီ ၊ MP3 Player သကဲ့သို့လည်း အသုံးပြုနိုင်ပြီး အခြားအသုံးဝင်နိုင်သော Function အများအပြားကိုလည်း ထည့်သွင်းထားပါတယ်။ ပုံမှန်အားဖြင့် Nike ရဲ့ Fitness Tracker ဟာ MP3 Player ကဲ့သို့အသုံးပြုနိုင်ပြီး အခြား GPS ကဲ့သို့သော Function များလည်း ထည့်သွင်းပေးထားပါတယ်။

 

 

        ဒီ Fitness Tool ဟာ Nike ကုမ္ပဏီမှ ထုတ်လုပ်ထားတာဖြစ်ပြီး ဒါဟာ ကုမ္ပဏီ၏ ထုတ်ကုန်များအနက် Fitness Software ထည့်သွင်းထားသည့် ထူးခြားသော Hardware တစ်ခုဖြစ်ကြောင်း Nike မှ Fitness လောကအတွင်းသို့ ၀င်ရောက်နိုင်မည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ဒီ လက်ပတ် Fitness Gadget လေးအတွင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းအတွက် အထောက်အကူ ဖြစ်စေနိုင်မည့် Software နှင့် အခြား Function အများအပြားကို ထည့်သွင်းပေးထားတာကြောင့် အားကစားသမားများ အသုံးပြုရန် အထူးသင့်တော်ပါတယ်။

ဒီလက်ပတ် Fitness Gadget လေးဟာ အားကစားသမားတစ်ယောက်အတွက် နီးပြတစ်ယောက် ဘေးနားမှာရှိနေသကဲ့သို့ ကူညီပေးနိုင်ပြီး အထူးသဖြင့် အဆီချလိုသူများ ၊ ကိုယ်ခန္ဒာကျစ်လစ် လှပလိုသူများအတွက် အထူးသင့်တော်ပါတယ်။ ဒီ Fitness Gadget တွင် နောက်ထပ် အထူးပါဝင်လာတဲ့ Feature အသစ်တစ်ခုကတော့ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်သည့် Heart-rate Monitor တစ်ခု ဖြစ်ပါတယ်။ ပြီးနောက် Gear Fit ဆိုသည့် Software တစ်ခုပါဝင်ပြီး ၎င်းဟာ လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း အနှေးအမြန်ကို ဖော်ပြပြီး လိုအပ်သလို အကြံပြု ပြောကြားပေးမှာ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.