ဝက်ဘ်အသုံးပြုခြင်းအား ပိုမိုလုံခြုံမှုရှိစေမည့် Firefox Add-on များ (1)
အင်တာနက်အသုံးပြုသူများ အနေဖြင့် အွန်လိုင်းပေါ်မှ တဆင့် မလိုလားအပ်သော virus, Trojan , worm များ အပြင် အခြား malware နှင့် spyware များ ၀င်ရောက်လာခြင်းကို ကြုံတွေ့ကြရပါတယ်။ ထို virus အများ အပြားကို လုံးဝမ၀င်ရောက်နိုင်စေရန် တားဆီးကာကွယ်ရန်ကတော့ အတော်လေး ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ထို virus နှင့် botnet အများအပြားကို ကာကွယ်တားဆီးရန်အတွက် လုံခြုံရေးဆိုင်ရာ Layer များ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။
Layer များ အသုံးပြုခြင်းအားဖြင့် အင်တာနက် အသုံးပြုရာမှာ ပိုမိုပြီး လုံခြုံမှုရှိစေနိုင်ပေမဲ့ ထို Layer များကြောင့် web browing ကို ပိုမိုနှေးကွေးသွား စေနိုင်ပါတယ်။
ယနေ့ အောင်မြင်မှုရှိနေသော popular browser များဟာ လုံခြုံရေးဆိုင်ရာ ကောင်းမွန်စေရန်နှင့် အမြန်နှုန်းမြင့်မားစေရန် အထူးကြိုးပမ်းဆောင်ရွက်ကြပါတယ်။
Browser တစ်မျိုးနှင့်တစ်မျိုး အမြန်နှုန်း ကောင်းမွန်စေရန် နှင့် လုံခြုံရေးကောင်းမွန်စေရန် အဓိကထား ပြိုင်ဆိုင်ကြပြီး ၎င်းတို့အတွင်းမှာမှ Mozilla ရဲ့ Firefox Browser ဟာ အတော်လေးလူကြိုက်များနေတဲ့ Browser တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မည်သည့် Browser ကမှ သင့်အား အလုံးစုံ လုံခြုံမှုရှိစေရန်ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပါဘူး။
ထို့ကြောင့် Browser အတွင်း လုံခြုံရေးဆိုင်ရာ Layer များ ထည့်သွင်းပေါင်းစပ်အသုံးပြုခြင်းအားဖြင့် Virus , Trojan နှင့် အခြား malicious code များ ၀င်ရောက်လာခြင်း ကို ကာကွယ်ပေးနိုင်ပြီး ပိုမိုကောင်းမွန်စေလိုပါက Internet Security Tools များကိုပါ ပေါင်းစပ်အသုံးပြုသင့်ပါတယ်။
1. Link Checker Search
Search Engine များ အသုံးပြုပြီး အင်တာနက်ပေါ်မှ တဆင့်အကြောင်းအရာမျိုးစုံကို ရှာဖွေ အသုံးပြုကြရာ မှာအချို့သော (Search result) ပြန်လည်ဖေါ်ပြချက်တွေဟာ စိတ်ချယုံကြည်လို့မရနိုင်ပါဘူး။ Phisher လို့ခေါ်တဲ့ Phishing တိုက်ခိုက်မှုဟာ ယနေ့ ခေတ်မှာ အတော်လေး ပျံ့နှံ့တိုက်ခိုက်မှုများရှိလာပြီး သင်မြင်ဖူးနေကျ Link များကဲ့သို့ အယောင်ဆောင် ကာ သင်၏ Data အချက်အလက်များကို ခိုးယူသွားနိုင်ပါတယ်။
ထို့ကြောင့် Firefox အတွင်း Link Checker ကို ထည့်သွင်းအသုံး ပြုစေခြင်းဖြင့် URLs များမှ ၀င်ရောက်တိုက်ခိုက်လာမှုကိုကာကွယ်ပေးနိုင်ပါတယ်။ Link Checker ဟာ လုံခြုံစိတ်ချမှုရှိတဲ့ website လိပ်စာများ ဘေးတွင် အမှန်ခြစ်ကလေးဖြင့် ဖေါ်ပြပေးမှာ ဖြစ်ပြီးအန္တရာယ်ရှိတဲ့ Website လိပ်စာများ ဘေးတွင်တော့ သတိပေးချက် (Caution)အမှတ်အသားကို ဖေါ်ပြပေးနေမှာ ဖြစ်ပါတယ်။
ထို့ပြင် Link Checker ကဲ့သို့ LinkExtend Tool များကိုလည်း ပေါင်းစပ် ထည့်သွင်း အသုံးပြုခြင်းဖြင့် Phishing တိုက်ခိုက်မှု နှင့် အခြား Malicious Link များ ရန်မှ ကာကွယ်တားဆီး ထားနိုင်ပါတယ်။