ဝက်ဘ်အသုံးပြုခြင်းအား ပိုမိုလုံခြုံမှုရှိစေမည့် Firefox Add-on များ (2)

Written by S.N.O Published in 10 Jun 2014

2. Ghostery

     အင်တာနက်ပေါ်တွင် ဆော့ဖ်ဝဲများ Download ပြုလုပ်နိုင်သည့် Websiteအချို့ဟာ သင်၏၀က်ဘ်ဆိုက် အတွင်း လုပ်ဆောင်ချက်များကို ခြေရာခံ စောင့်ကြည့်နေတတ်ပါတယ် ။

ထိုကဲ့သို့ ခြေရာခံစောင့်ကြည့်နေမှု များကို ကာကွယ်နိုင်စေရန် အတွက် Ghostery add-on ကို အသုံးပြုနိုင်ပြီး ၄င်းဟာ ၀က်ဘ်စာမျက်နှာရှိ ခြေရာခံစောင့်ကြည့်နေမှုများ (Tracker)များ အမည်များကို ဖေါ်ပြပေးနိုင်ပြီး Block ပြုလုပ်ထားလို့လည်း ရပါတယ်။

    ထို add-on ကို ထည့်သွင်းအသုံးပြုမည်ဆိုပါက Firefox window ၏ ညာဘက်အောက်ခြေတွင် "ghost" icon တစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး Tracker များကို တွေ့ရှိပါကလိမ္မော်ရောင်သို့ ပြောင်းလဲကာ သတိပေးနေမှာပဲ ဖြစ်ပါတယ်။ ထို့ပြင်ရှာဖွေတွေ့ရှိတဲ့ Tracker အရေအတွက်ကို ဖေါ်ပြပေးနိုင်ပြီး အလွယ်တကူ Block ပြုလုပ်ထားနိုင်တာကြောင့် သင်၏ အင်တာနက်အသုံးပြုခြင်းအတွက် ပိုမို လုံခြုံမှုရှိ စေနိုင်ပါတယ်။

 

 

3. CipherFox

     သင့်အနေဖြင့် Browsing ပြုလုပ်နေစဉ်အတွင်း encrypted ပြုလုပ်ထားသော ၀က်ဘက်စာမျက်နှာများကို ရောက်ရှိသွားပါက CipherFox ဟာ သင့်အား သတိပေးစေနိုင်သည့် add-on ပဲ ဖြစ်ပါတယ်။ CipherFox ကို Firefox အတွင်း ထည့်သွင်းအသုံးပြုမည်ဆိုပါက Browser ၏ ညာဘက်အောက်ခြေရှိ Bar တွင် icon တစ်ခုပေါ်နေမှာ ဖြစ်ပြီး သင်အသုံးပြုနေတဲ့ဝက်ဘ်စာမျက်နှာ များကို စောင့်ကြပ်ကြည့်ရှုနေမှာ ဖြစ်ပါတယ်။

၎င်းဟာSecure Sockets Layer/ Transport LayerSecurity (SSL/ TLS) ဖြစ်ပြီး RC4 encryption များကိုပါ Disable ပြုလုပ်ထားနိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.