ဝက်ဘ်အသုံးပြုခြင်းအား ပိုမိုလုံခြုံမှုရှိစေမည့် Firefox Add-on များ (3)

Written by S.N.O Published in 10 Jun 2014

4.LastPass

       Firefox အတွင်း Built-in အနေဖြင့် ပါဝင်ထည့်သွင်းပေးထားသော PasswordManager ကို အသုံးပြုပြီး MasterPassword များကို ဖန်တီးထားနိုင်ပါတယ်။ သို့ပေမဲ့ သင့်အနေဖြင့် Password များနှင့်ပတ်သက်ပြီး ပိုမိုလုံခြုံစိတ်ချမှု ရှိစေလိုပါက LastPass add-on ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

ထို add-on ကို install ပြုလုပ်ထားပါက Firefox window ၏ အပေါ် ဘက်တွင် Icon လေးပေါ်နေမှာ ဖြစ်ပြီး သင်၏ ကိုယ်ပိုင်အချက် အလက်တိုများ ၊ User ID များ ၊ Password များကို လုံခြုံစိတ်ချစွာ မှတ်သားထားနိုင်ပါတယ်။

ထို့ပြင် Password နှင့် UserID များကို Export နှင့် import များ ပြုလုပ်နိုင်တာကြောင့် ပိုမို အဆင်ပြေပြီး Keyboard shortcut များ အနေဖြင့်ပါ ဖန်တီးအသုံးပြုနိုင်ပါတယ်။ ထို LastPass add-on အား Internet Explorer , Google Chrome, Safari တို့တွင် ထည့်သွင်း အသုံးပြုနိုင်ပြီး သင့် Password များကို ၄င်း၏ ဆာဗာတွင် encrypt ပြုလုပ်ကာ သိမ်းဆည်းပေးမှာဖြစ်ပါတယ်။

LastPass add-on အား ၀က်ဘ်အသုံးပြုနိုင်တဲ့ မည်သည့် device များတွင်မဆို ထည့်သွင်းအသုံးပြုနိုင်ပြီး iPhone နှင့် Smartphone များအတွင်း ထည့်သွင်း အသုံးပြုမည်ဆိုပါက Member ပြုလုပ်ပေးရမည်ဖြစ်ပြီး လစဉ်အမေရိကန် 1 ဒေါ်လာ ပေးဆောင် ရမှာဖြစ်ပါတယ်။

 

 

5. ProxifyMyFox

      ဒီ Add - on လေးကတော့ ၀က်ဘ်အသုံးပြုရာတွင် ပိုမိုလုံခြုံစိတ်ချမှုရှိစေနိုင်တဲ့ Add - on တစ်ခု ဖြစ်ပါတယ်။ သင့်ကွန်ပျူတာရှိ IP အား မမြင်နိုင်အောင် Hide လုပ်ထားနိုင်တာကြောင့် လုံခြုံရေးဆိုင်ရာ ပိုမိုကောင်းမွန်စေတဲ့ Add-on တစ်ခု ဖြစ်ပါတယ်။

 

 

6.Remove Locale

      Remove Locale ကတော့ Phishing တိုက်ခိုက်မှုကို အပြည့်အ၀ ကာကွယ်ပေးနိုင်တဲ့ Add-on တစ်ခု ဖြစ်ပါတယ်။ Firefox အား ပိုမိုလုံခြုံမှုရှိစေသလို ၀က်ဘ်ဆိုက်လိပ်စာများမှ Diacritics များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

 

 

7.Mitto Password Manager

      Mitto Password Manager ကတော့ အွန်လိုင်း password manager တစ်ခုဖြစ်ပြီး မည်သည့် browser နှင့်မဆို တွဲဖက်အသုံးပြုနိုင်တဲ့ Add-on တစ်ခုဖြစ်ပါတယ်။ အင်တာနက်အသုံးပြုရာ၌ ပိုမိုလုံခြုံစိတ်ချ မှုရှိစေနိုင်သလို ၀က်ဘ်ဆိုက်များ၏ password များကိုလည်း မှတ်သားပေးနိုင်ပါတယ်။ Login ပြုလုပ်ရာမှာ ပိုမိုလွယ်ကူလာသလို ကွန်ပျူတာအတွင်းရှိ အခြားသော password များစွာကိုလည်း မှတ်သား ပေးနိုင်ပါတယ်။

 

 

8. BrowserProtect

      BrowserProtect ကတော့ သင့် browser ၏ configuration များစွာကို ကာကွယ်ပေးထားနိုင်သည့် Add-on တစ်ခုဖြစ်ပါတယ်။ ထို့ပြင် browser ၏ homepage နှင့် search ကိုလည်း သတ်မှတ်ပေးထားနိုင်သလို Hijacks တိုက်ခိုက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အချို့သော add-on များစွာဟာ သင့် browser ၏  configuration အချို့ကို ပြောင်းလဲသတ်မှတ် ပေးနိုင်တာကြောင့် BrowserProtect ကို အသုံးပြုခြင်းအားဖြင့် configuration များကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.