12 Guide to using Windows 8 (1)
ယခုဖော်ပြလိုက်တဲ့ Windows 8 Tips များကတော့ PC World မှ ထုတ်ပြန်ထားတဲ့ Windows 8 အကြံပြုချက်များဖြစ်ပါတယ်။ Windows 8 Tips များကို အသုံးပြုခြင်းအားဖြင့် သင့်ရဲ့ လုပ်ငန်းဆောင်တာများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်သလို သင့်ရဲ့ ကွန်ပျူတာ အသုံးပြုနိုင်ခြင်း စွမ်းရည်ကိုပါ တိုးတက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။
များသောအားဖြင့် ဒီ Tips များဟာ Windows 8 ကိုအခြေခံကာ ရှင်းလင်းသင်ကြားပေးထားပေမယ့် Windows 7 မှာလည်း ဒီ Tips များကို စမ်းသပ်အသုံးပြုနိုင်ပါတယ်။
1. Launch Taskbar Programs
ကွန်ပျူတာအတွင်း သင်နေ့စဉ်အသုံးပြုလျှက်ရှိတဲ့ Program များကို ကွန်ပျူတာရဲ့ Taskbar မှာ ထည့်သွင်းထားလို့ရပါတယ်။ ဒီလိုမျိုး taskbar မှာထည့်သွင်းထားခြင်း အားဖြင့် ၎င်း Program များကို ပိုမို မြန်ဆန်စွာ Run လုပ်နိုင်မှာ ဖြစ်ပါတယ်။
Program များကို Taskbar မှာ ထည့်သွင်းရန်အတွက် နှစ်သက်ရာ Program တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးနောက် Taskbar ပေါ်မှာ Right Click နှိပ်လိုက်ပါ။ Pin this Program to taskbar ကို ရွေးချယ်ပေးလိုက်ပါ။
Fig 1
ဒါဆိုရင် သင် Pin လုပ်လိုက်တဲ့ Program ဟာ Taskbar ပေါ်မှာ အမြဲတမ်းပေါ်နေမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ဒီ Program ကို ပြန်ဖွင့်ချင်တယ်ဆိုရင်တော့ ဒီလို Pin လုပ်ထား တဲ့ Program ပေါ်မှာ Click တစ်ချက်နှိပ်ပြီး ပြန်ဖွင့်နိုင်ပါပြီ။
Fig 2