12 Guide to using Windows 8 (11)
11. Jump List အရေအတွက်ကို တိုးမြှင့်ခြင်း
သင့်အနေဖြင့် Jump List သို့မဟုတ် Recent List အရေအတွက်ကို တိုးမြှင့်ထားနိုင်ပါတယ်။ ဒီလို ပြုလုပ်ထားနိုင်ခြင်းအားဖြင့် သင့်ရဲ့ Jump List မှာ ဖော်ပြတဲ့ File အရေအတွက် များပြားလာမှာ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ Jump List များကို မသုံးချင်လို့ ဖြုတ်ထားမယ်ဆိုရင်လည်း ဒီ Options မှာ ပြင်ဆင်ထားနိုင်ပါတယ်။ ကွန်ပျူတာအတွင်း Jump Lists အတွင်း ဝင်ရောက်ရန်အတွက် ကွန်ပျူတာအောက်ခြေရှိ Task Bar တွင် Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးလိုက်ပါ။
ဒါဆိုရင်တော့ Taskbar and Navigation Properties ကို တွေ့ရပါပြီ။ ပြီးနောက် Jump Lists ကို ရွေးပေးလိုက်ပါ။ Number of recent items to display in Jump Lists ဘေးမှာ 10 လို့ ဖော်ပြထားပါတယ်။ အဲဒီနေရာမှာ သင်လိုချင်တဲ့ Jump Lists အရေအတွက်ကို အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။
Store recently opened programs ကတော့ Privacy အတွက် ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေဖြင့် Recent Program များကို မဖော်ပြလိုဘူးဆိုရင်တော့ ဒီနေရာဘေးက အမှန်ခြစ်လေးကို ဖြုတ်ပေးနိုင်ပါတယ်။ Jump Lists ဘေးက အမှန်ခြစ်လေးကို ဖြုတ်ပေးထားခြင်းအားဖြင့်လည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။